ငတ်မွတ်နီစွေနေသောနှုတ်ခမ်းအိအိကြီးပေါ်သို့အာဟာရဖြည့်တင်းပေးလာသောနီတျာရဲနှုတ်ခမ်းလေးက မဟာ ၏ရမ္မက်လှိုင်းကိုပိုထန်လာစေသည်။ရမ္မက်ကျူးသံဖြင့်ခုန်ပေါက်နေသော မဟာ့နှလုံးစိုင်ကြီးမှာလဲရင်နံရံတဖက်ခြမ်းသို့ခုန်ပေါက်ထွက်တော့မည့်အတိုင်း။
မရပ်မနားဝတ်မှုန်ကူးနေမိကြသည့်နှုတ်ခမ်းနှစ်လွှာ၏စုပ်ထွေးမှုအရှိန်ကပိုမိုပြင်းထန်လာလေလေနှစ်ဦးသားရဲ့ဆန္ဒမီးအဟုန်ကအစွမ်းကုန်လောင်ကျွမ်းလေလေပင်။
မဟာ သူ၏နှုတ်ခမ်းတွင်းကြီးထဲမှာလှိုက်တုန်နေသည့်အလွှာသားနုနုလေးကိုတပ်မက်ပြင်းပြစွာစုပ်ယူရင်းအိတုန်နေသည့်အောက်သားနုနုလေးကိုသွားဇောင်းထက်ထက်ကြီးဖြင့်ဖိကြိတ်ပစ်လိုက်ရာ
"အ!"
".........."
ညည်းသံသဲ့သဲ့ဖြင့်လစ်ကနဲခွာပြေးသွားသောဝတ်ရည်ချိုနှုတ်ခမ်းလေးကြောင့်ရမ္မက်သွေးတို့ဆူကြွနေသော မဟာ့ နှုတ်ခမ်းရဲကြီးမှာမရိုးမရွဖြစ်ကျန်ခဲ့ရသည်။
"ကျစ်!ကွာ"
"..............."
သူအလိုမကျစွာစုတ်တချက်သပ်လိုက်မိပြီးချူယူစားသုံးလိုသောရသလေးကိုအငမ်းမရဖွေရှာနေမိတော့သည်။
လေဟာနယ်ထဲတွင်စိတ်မှန်းဖြင့်မမြင်မကမ်းထိုးထိုးဟပ်နေသည့် မဟာ့ နှုတ်ခမ်းရဲကြီးကိုကြည့်လျှက် ငယ်ဆူးခက် တယောက်ကျေနပ်စွာပြုံးလိုက်မိ၏။
"အဟင်း"
"..............."
တိုးလျလျထွက်ပေါ်လာသည့်ရီသံညှင်းညှင်းလေးဆီသို့ မဟာ မှန်းဆကြည့်ရင်း
"baby...မင်းရဲ့အထိအတွေ့ကိုကိုယ်တောင်းတနေပြီ..ကိုယ့်လက်တွေနဲ့မင်းတကိုယ်လုံးကိုခပ်ကြမ်းကြမ်းထိတွေ့ချင်နေပြီကွာ...please baby...ချည်နှောင်ထားတဲ့ကိုယ့်လက်တွေကိုလွတ်မြောက်ခွင့်ပြုပါတော့...ကိုယ်ဒီထက်ပိုမစောင့်နိုင်တော့ဘူး...လိုချင်လွန်းလို့ရူးတော့မယ်...please baby!...please!"
".........."
ငတ်မွတ်သံကြီးဖြင့်အငမ်းမရတောင်းဆိုမှုပြုလာသောသူ့ရှေ့ကရမ္မက်ထန်လူသားကြီးကိုကြည့်လျက် ငယ်ဆူးခက် ၏တကိုယ်လုံးမှာလဲဆန္ဒမီးတို့ဖြင့်ပူပြင်းလောင်မြိုက်လျက်ရှိလာရ၏။

ESTÁS LEYENDO
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်