နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်အုံထွားထွားကြီးထဲတွင်ခေါင်းလေးကိုကွယ်ဝှက်ရင်း ခြွေ့ စိတ်တွေလှုပ်ရှားနေမိ၏။နားစည်တွင်းသို့ခပ်သဲ့သဲ့တိုးဝင်လာသည့်ရင်လှိုက်ခုန်သံကြီးမှလွဲ၍သူ့ကိုယ်လေးကိုငှက်မွှေးလေးလိုပေါ့ပါးစွာသယ်ဆောင်သွားသောထိုသူကတော့အပျော်တွေလွန်ကျူးနေပုံပင်။
အပေါ်ထပ်လှေကားထိပ်သို့ရောက်သည်နှင့် ခြွေ့ ကိုပွေ့ချီထားလျှက်ကလွှတ်ချမယောင်ပြုလိုက်တာကြောင့်အထိတ်တလန့်ဖြင့်တင်းတောင့်နေသောလည်တိုင်ကြီးကို ခြွေ အမြန်သိုင်းခိုထားလိုက်ရသည်။
"ခင်ဗျားနော်"
".........."
မကျေမနပ်ဖြစ်သွားပုံနှင့်သူ့လည်တိုင်ကြီးကိုသိုင်းဖက်ထားရင်းမကြည်ကြည့်လေးကြည့်လာသည့်ပြာလဲ့လဲ့မျက်ဝန်းလေးကြောင့် မဟာ့ အသဲစိုင်ကြီးမှာမရိုးမရွနှင့်။
စိတ်ရှိတိုင်းသာဖျစ်ညှစ်ပစ်ရလျှင်ဒင်းလေးလွယ်လိမ့်မည်မဟုတ်။တွေးရင်းပင်အသဲတယားယားဖြစ်လာရသည်မို့သူ့ရင်ခွင်တွင်းကခရုကွေးလေးကို မဟာ ခပ်ကြမ်းကြမ်းဖိညှစ်ပစ်လိုက်မိသည်။
"အ...ခင်ဗျား"
".........."
"အဟွန်း ဘယ်ကခင်ဗျားလဲ...နောက်ခင်ဗျားလို့တစ်ခါခေါ်တိုင်းဟောဒီလိုတစ်ခါဒဏ်ပေးမယ်ဗျမှတ်ထား...ရွှတ်"
".........."
"ဟာ...ခင်ဗျား"
".........."
"ခေါ်ပြန်ပြီလားခင်ဗျား...အင်းကွာ...ရွှတ်"
"........."
ပါးနုနုလေးပေါ်ရိပ်ကနဲကျလာသည့်အနမ်းနွေးနွေးနှင့်အကျီစားသန်သည့်ထိုလူကြောင့် ခြွေ့ ရင်ခုန်သံတွေမှာပရမ်းပတာဆန်ကုန်ရသည်။
"ခင်ဗျားနော်...လူကို"
"........."
"ရွှတ်"
"........."
"ခင်ဗျား"
"........."
"ရွှတ်"
အပြောနဲ့အလုပ်ညီနေသည့် မဟာ ကြောင့်ခြွေ ၏ပါးပြင်နုနုလေးမှာအနမ်းဓါးစာခံဖြစ်မှန်းမသိဖြစ်နေရတော့သည်။

YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်