အလှမ်းကျယ်ကျယ်လှမ်းနေသည့် မဟာ့ ခြေလှမ်းတွေမှာချစ်ဇောအဟုန်ဖြင့်မြန်ဆန်နေရသည်။ပြုစားခံလိုက်ရသော မဟာ့ နှလုံးသားကြီးမှာလဲအသိတရားလွတ်ကင်းလျှက်အချစ်မှလွဲ၍ဘာကိုမှမမြင်နိုင်တော့။
သူ့အသိ၊သူ့အာရုံကြီးတခုလုံးမှာ Angel ဟူသောကဝေပျိုလေး၏ညှို့စက်ကွင်းတွင်ရုန်းမရအောင်စင်းစင်းကြီးမိလျှက်ရှိနေရပြီ။
အချစ်ကြိုးနဲ့နဖါးကြိုးထိုးခံလိုက်ရသည့်သူ့နှလုံးသားကြီးမှာလဲအချစ်ရဲ့စေကျွန်အဖြစ်သခင်ကိုခစားဖို့ရဲရဲဝံ့ဝံ့ရှာဖွေလို့နေပြီ။
"အချစ်"
"..........."
တီးတိုးဆိုမိရုံမျှဖြင့်သူ့ရင်ကြောတွင်းမှတစုံတရာသည်အာသီသပြင်းစွာဖြင့်အချစ်ဆိုသောအရာကိုတောင့်တလာရသည်။
သုံးနှစ်တာလုံးလုံးငတ်မွတ်ခဲ့ရသည့်သူ့နှလုံးသားကြီးအတွက်အချစ်ဓါတ်လိုနေပြီ။
မဟာ တွေးရင်း Model များအတွက်သီးသန့်စီစဥ်ထားပေးသောအခန်းရှေ့သို့သူရောက်သည်နှင့်အခန်းတံခါးကိုဖွင့်လျှက်အခန်းတွင်းသို့အလျင်စလိုဝင်ရောက်မည်ပြုရာ
"Sir. ဒီအခန်းက Model များအတွက်သီးသန့်ထားတဲ့အခန်းပါ...သူစိမ်းဧည့်သည်ဝင်ရောက်ခွင့်မပြုပါဘူး"
အစောင့်ဖြစ်ဟန်တူသူကတားမြစ်လိုက်တာကြောင့် မဟာ အလိုမကျသလိုမျက်မှောင်ကြီးကိုကျုံ့လိုက်ပြီး
"ငါလူတယောက်ကိုအရေးတကြီးတွေ့ချင်နေတယ်...အဲ့အတွက်ဘယ်လိုချိုးဖေါက်မှုမျိုးကိုမဆိုငါလုပ်မယ်"
"..........."
စိမ်းသက်ပြတ်တောက်နေသည့်စကားသံကြီးက ကမူးရှူးထိုးဆန်လွန်းသည်။
"မရလို့ပါ Sir...တကယ်လို့ Sir.ကိုသာဝင်ခွင့်ပြုရင်တာဝန်ပျက်ကွက်မှုနဲ့ကျွန်တော်အပြစ်ပေးခံရမှာမို့လို့ပါ"
"..........."
အစောင့်ကောင်လေးကမျက်နှာငယ်လေးနဲ့ပြောနေတာကြောင့် မဟာ စိတ်ညစ်ညူးစွာဖြင့်စုတ်တချက်သပ်လိုက်၍
"ကျစ်!...ဒီမှာ...ငါလဲ Model တစ်ယောက်ဘဲ...ငါပြင်ဆင်စရာရှိလို့အခန်းထဲဝင်မလို့...ငါမှာအချိန်သိပ်မရဘူး...တကယ်လို့ငါစင်ပေါ်တက်ဖို့ကြန့်ကြာသွားရင်မင်းတာဝန်ယူနိုင်မလားပြော"

YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်