part-30(Uni&Zaw)

1.2K 42 7
                                    


ယနေ့မနက် ခြွေ ဘုရားကိုသွားမည်ဟုရည်ရွယ်ထားသည်။
မြန်မာပြည်ကိုပြန်ရောက်စကတည်းကသွားဖို့ရည်ရွယ်ထားပေမဲ့အလုပ်တွေရှုပ်နေတာကြောင့်မသွားဖြစ်ခဲ့။

သည်နေ့ရာသီဥတုသာယာတာကတကြောင်းနောက်ပြီးဒီနေ့က ခြွေ့ အတွက်အရေးကြီးတဲ့နေ့တနေ့ဟုလည်းပြောလို့ရသည်။

ခြွေ ဘုရားသွားရန်အတွက်နံရံကပ်ဗီဒိုထဲမှ Shirt လက်ရှည်အဖြူနှင့်နက်ပြာရောင်ကွက်စိပ်ပုဆိုးလေးကိုထုတ်လျှက်သပ်သပ်ရပ်ရပ်ဝတ်ဆင်လိုက်ပြီးဆံနွယ်ရှည်ရှည်လေးကိုလျှောင်ထုံးသဖွယ်ထုံးဖွဲ့လိုက်လေသည်။

မှန်ပြင်တွင်ထင်းနေသောအသွင်လေးကိုကြည့်လျှက် ခြွေ ကျေနပ်စွာပြုံးလိုက်မိ၏။

ကျက်သရေရှိစွာဖြင့်နုသန့်ချောမွေ့နေသော ခြွေ့ အသွင်လေးကနံနက်ခင်းနှင့်သဟဇာတမျှလျှက်ရှိနေရသည်။

ခြွေ စိတ်တိုင်းကျပြင်ဆင်ပြီးသည်နှင့်ကားသော့ကိုယူလျှက်ရွှေတိဂုံဘုရားသို့ထွက်လာခဲ့လိုက်တော့သည်။

ခြွေ ဘုရားသို့ရောက်သည်နှင့်ဦးစွာဘုရားပန်းကပ်လှူရန်အတွက်ဘုရားပန်းကိုအရင်ဝင်ဝယ်လိုက်၍ဘုရားရင်ပြင်ပေါ်သို့တက်လာခဲ့လိုက်လေသည်။

ဘုရားရင်ပြင်ပေါ်တွင်တော့ဘုရားဖူးဧည့်သည်များ၊ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားလျှက်ရှိနေရ၏။

ရောက်လက်စဖြင့် ခြွေ ရင်ပြင်ကြီးပေါ်တွင်လှည့်ပတ်ကြည့်ရင်းသပ္ပါယ်လှသည့်ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမျှော်၍မဆုံးနိုင်အောင်ဖြစ်နေရသည်။

ခြွေ သိရသလောက်ရွှေတိဂုံစေတီတော်မြတ်ကြီးမှာကန်တော်ကြီး၏အနောက်ဘက်မြေဧက(၁၁၄ ဧက)ကျယ်ဝန်းသည့်သိင်္ဂုတ္တရကုန်းတော်ပေါ်တွင်တည်ရှိလေသည်။

မြတ်ဗုဒ္ဓ၏ဆံတော်များကိုဌာပနာထားသည်မှာလည်းနှစ်ပေါင်း (၂၅၀၀)သက်တမ်းခန့်ရှိပြီဟုလည်းသိရသည်။

စေတီတော်မြတ်ကြီးမှာ (၉၉)မီတာခန့်မြင့်လျှက်တန်ချိန်ပေါင်းမြောက်များစွာရှိသည့်ရွှေများဖြင့်ကပ်လှူပူဇော်ထားပြီးစိန်ဖူးတော်မှာစိန်အလုံးပေါင်း(၄၅၃၁)လုံးဖြင့်ပူဇော်ထားလေသည်။

🔥ခြွေ🔥Where stories live. Discover now