part-24(Uni&Zaw)

1.7K 53 7
                                    


​San Francisco မြို့လေးသို့ ခြွေ ရောက်ရှိနေသည်မှာသုံးနှစ်နီးပါပင်ရှိခဲ့ပြီ။
ဆောင်းဦးပေါက်ရာသီဖြစ်သည့်အလျောက်အေးစိမ့်နေသော San Francisco မြို့လေးကသာယာဖွယ်အတိပင်။

San Francisco မြို့လေးမှာ အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ် San Francisco ကျွန်းဆွယ်၏မြောက်ဘက်စွန်းတွင်တည်ရှိပြီး အမေရိကန်ပြည်ထောင်စု၌နံပါတ်(၁၃)မြောက်လူဦးရေအများဆုံးမြို့လေးတစ်မြို့အဖြစ်တည်ရှိလေသည်။

ရာသီဥတုကစိုထိုင်းစရှိပေမဲ့နေချင်စဖွယ်ကောင်းသောမြို့လေးအဖြစ်လူသိများလှသလို San Francisco ရဲ့စိတ်ဝင်စားဖွယ်ရာအထင်ကရနေရာများဖြစ်သည့် ဂိုးလ်ဒင်းဂိတ်တံတား၊Alcatraz Island၊San Francisco Museum တို့မှာကမ္ဘာလှည့်ခရီးသွားများကိုအထူးဆွဲဆောင်နိုင်သည့်နေရာများအဖြစ်ထင်ရှားလေ၏။

ထို့ပြင် San Francisco မြို့တွင် Flower Street at San Francisco ဟူ၍ကားများကွေ့ပတ်မောင်းနှင်လို့ရသည့်ပန်းခင်းလမ်းများပြုလုပ်ထားသောကြောင့် San Francisco မြို့လေးမှာတမူထူးခြားသည်ဟုပြောရမည်။

လမ်းဘေးဝဲယာတွင် San Francisco Flower Stand ပန်းအလှဆိုင်များဖွင့်လှစ်ထားသောကြောင့်လည်း San Francisco ကိုသို့လာရောက်လည်ပတ်ကြသည့်ခရီးသွားများမှာပန်းကမ္ဘာကြီးထဲရောက်ရှိသွားသလိုခံစားရစေသည်။

ခြွေ့ အဖို့တော့ San Francisco မြို့လေးကအိပ်မက်ကမ္ဘာကြီးလိုပင်။
ခြွေ ယောင်လို့မျှမမက်ဖူးသောအိပ်မက်ကမ္ဘာကြီးထဲတွင်မထင်မှတ်ဘဲခြေချခွင့်ရခဲ့ပြီ။

သစ်လွင်သောအနာဂတ်၊နုသစ်သောစိတ်ကူးတို့က ခြွေ့  အိပ်မက်ကမ္ဘာလေးကိုလှပအောင်ဆေးရောင်ခြယ်ပေးသလိုဒီလိုလှပသောအိပ်မက်ကမ္ဘာလေးထဲကနေသူ မနိုးထချင်တော့ပါ။

ခြွေ ဟူသောဘဝသစ်မှာနေသားတကျဖြင့် ​ပျော်ရွှင်ခွင့်ရခဲ့ပြီမို့အတိတ်သည်အိပ်မက်ဆိုးအဖြစ်သာထင်ကျန်ရစ်လေသည်။

ခြွေ့ ရဲ့ဘဝကိုအပြောင်းလဲကြီးပြောင်းလဲပေးခဲ့သူက ကိုညှို့ ဟု ခြွေ အဖျားဆွတ်ခေါ်လေ့ရှိသည့် မင်းညှို့စွမ်း ပင်။

ကိုညှို့၏ကူညီထောက်ပံ့မှုဖြင့် San Franciscoမြို့ ရှိ San Francisco University Fashion School တွင် ခြွေပညာသင်ကြားခွင့်ရခဲ့သလိုတကုတ်တခဲကြိုးစားမှုကြောင့် San Francisco University Fashion School ၏ထူးချွန်ကျောင်းသားအဖြစ်သူကျောင်ဆင်းခွင့်ရခဲ့ပြီ။

🔥ခြွေ🔥Where stories live. Discover now