သွေးထိုးလှုံ့ဆော်လာတဲ့ဆန္ဒရဲ့မွတ်သိပ်မှုတွေက ငယ်ဆူးခက် တကိုယ်လုံးကိုအစိမ်းလိုက်ဝါးမြိုနေသလိုပင်။သူ့ခန္ဓာကြောတလျှောက်မှာအားအင်တွေဆုတ်ယုတ်လာသလိုခံစားနေရပြီးဒူးများပင်ပျော့ခွေချင်လာရသည်။
ထိုးဆွလာသည့်ဝေဒနာတွေကြောင့်နဖူးစပ်မှစို့တက်လာသောချွေးကိုတုန်ယင်နေသောလက်ဖြင့်ဆွဲသုတ်ပစ်ရင်းနံရံကပ်ဗီဒိုအငယ်စားလေးဆီသို့အားတင်းကာသူလှမ်းနေမိ၏။
ခန္ဓာအောက်ပိုင်းမှစိုစွတ်လာသောအရည်တွေကြောင့်လဲသူပိုလို့ပင်အနေခက်လာရသည်။သူ့အောက်ပိုင်းကြီးတစ်ခုလုံးမှာမခံမရပ်နိုင်အောင်ပူကျစ်အောင့်သက်လာတာကြောင့်ပေါင်လေးနှစ်ဖက်ကိုတင်းတင်းစေ့ထားရင်းတုန်ယင်နေသောလက်ဖြင့်စင်ပေါ်မှဆေးထုတ်ကိုအမြန်ဖွင့်ကာဆေးကိုတရှိန်ထိုးမော့သောက်ပစ်လိုက်တော့သည်။
လည်ချောင်းတွင်းသို့ပျော်ဝင်သွားသောခါးပျစ်ပျစ်အရည်တွေကိုသူအတင်းမြိုချပစ်ရင်းနုံးခွေပျော့ကျနေသောခန္ဓာလေးကိုနံရံတွင်အားပြုမှီတွယ်လျက်ဆေးအရှိန်နှင့်တွန်းကန်နေသောဝေဒနာ၏ဖိစီးမှုကိုကြိတ်မှိတ်သည်းခံနေရသည်။
တစတစဖြင့်ဝေဒနာအရှိန်လျော့ကျလာတော့မှသူအသက်ကိုဝဝရှူသွင်းလိုက်ပြီးဘောင်းဘီအိပ်ကပ်တွင်းမှ hand phone ဖြင့်တစုံတဦးကိုဖုန်းဆက်ကာအကူအညီတောင်းလိုက်တော့သည်။
ခဏအကြာတွင်သူ့အခန်းတွင်းသို့တစုံတယောက်ဝင်ရောက်လို့လာသည်။
ထိုသူ၏မျက်နှာတွင်စိုးရိမ်စိတ်တို့ကအတိုင်းသား။"လူလေးအဆင်ပြေရဲ့လား...ဆေးကိုသောက်လိုက်ပြီလား"
လေးရှိန် အမေးကို ငယ်ဆူးခက် ခေါင်းကိုသာညိတ်လျှက်အဖြေပေးလိုက်မိပြီးသနားစဖွယ်မျက်ဝန်းငယ်လေးဖြင့်ကြည့်ကာ
"လေးရှိန်...သား...သားခန္ဓာအောက်ပိုင်းကအဆင်မပြေတော့ဘူး...ဆေးရည်နဲ့စိမ်မှရတော့မယ်ထင်တယ်...သား...သား...ဒီ...ဒီလိုမဖြစ်တာတော်တော်ကြာနေပြီ...ခု...ခုမှ"
ငယ်ဆူးခက် သူ၏ပေါင်လေးနှစ်ချောင်းကိုခပ်တင်းတင်းစေ့ထားပြီးခံရခက်သောအမူအရာမျိုးဖြင့်မျက်နှာလေးကိုရှုံ့မဲ့ကာပြောရင်းမျက်ဝန်းငယ်မှမျက်ရည်မိုးတို့ပြိုလာရသည်။

YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်