part-39(Uni&Zaw)

907 29 2
                                    


နှင်းဆီမွေ့ယာထက်ကောက်ကြောင်းအလှတို့ဖြင့်ညှို့ချင်တိုင်းညှို့နေသည့်ကဝေပျို၏မာယာညှို့ချက်​​​ကြောင့် မဟာ ဆိုသည့် ပုရိသကြီးမှာနှလုံဗွေဖေါက်ချစ်ဇောတို့နှောက်ကုန်ရသည်။

Sexy ဆန်ဆန်ဝတ်ဆင်ထားသောနီသွေးရောင်ကြိုးသိုင်းကိုယ်ကြပ်အင်္ကျီနှင့်အသားကပ်ဘောင်းဘီတို​တိုအောက်မှတတစ်တရစ်ဆူဖြိုးမောက်ကြွနေသည့်ရှိုက်ဖိုကြီးငယ်အသွယ်သွယ်​ကြောင့် မဟာ ၏သားရဲစိတ်ကြီးမှာတမဟုတ်ချင်းနှိုးကြွလာရသည်။

"Angel"

".........."

အရိုင်းဆန်ချင်လာသောစိတ်ဖြင့်မွေ့ယာထက်မှကဝေငယ်ကိုလက်ရဲကြီးဖြင့်သူသိမ်းကြုံးဖက်မည်အလုပ်

"ဖြေးဖြေးပေါ့ခင်ဗျားရယ်...အချိန်တွေရှိပါသေးတယ်"

ညုလျလျအပြောဖြင့်လှိုက်ဇောကပ်နေသည့်ရင်ပြင်ကျယ်ကြီးကိုပင့်ထောက်ဟန့်တားလာသည့်လက်သွယ်သွယ်လေးကို မဟာ သူ့လက်ကြီးဖြင့်တင်းတင်းဆုပ်ကိုင်လိုက်ပြီး

"ကိုယ့်ကိုဒီ့ထက်ပိုပြီးမစောင့်ခိုင်းပါနဲ့တော့လား...အပြုစားခံဘဝနဲ့ဟောဒီနှလုံးသားကြီးကအထီးကျန်ဆန်ခဲ့ရတာကြာနေပါပြီအချစ်ရယ်...မင်းဆိုတဲ့မျှော်လင့်ချက်နဲ့ယဲ့ယဲ့သာရှိတော့တဲ့ကိုယ့်နှလုံးသားကိုထပ်မနှိပ်စက်ချင်ပါနဲ့တော့ကွာ"

ရီဝေဝေအကြည့်နဲ့ရင်တွင်းရသကိုဆားခတ်နေသည့်လူကြီးကိုကြည့်ပြီး ခြွေ ခပ်ဟဟလေးရယ်လိုက်မိ၏။
ထို့နောက်တင်းတောင့်နေသောလည်တိုင်ကြီးကိုလက်သွယ်သွယ်လေးဖြင့်နွဲ့နွဲ့လေးသိုင်းခိုလိုက်ကာ

"​အဟင်း စကားကတော့​ကျောက်ကြောလေးလိုချောနေတာပါဘဲလားခင်ဗျားရယ်...​စကားတတ်လိုက်တာများလူလားသာလိကာလားတောင် ခြွေ မခွဲတတ်တော့ဘူးသိလား"

ကယုကယင်အပြောလေး​ဖြင့်ကျီစယ်မှုပြုလာသောကဝေပျိုငယ်၏မာယာနွံမှာ တုနှိုင်းမဟာ တစ်ယောက်နစ်သထက်နစ်၊ကျွံသထက်ကျွံရင်းအချစ်ဝဲဂယက်မှာတလည်လည်ဖြစ်နေတော့သည်။

"Angel ကိုယ်လေ"

"........."

ရင်လှိုက်မောသံကြီးဖြင့်စလာသောစကားစကိုဟန့်တားလာသည့်လက်ညှိုးသွယ်သွယ်လေးကြောင့်စကားတို့မှာရှေ့ဆက်ခွင့်မရခဲ့။

🔥ခြွေ🔥Donde viven las historias. Descúbrelo ahora