part-42(Uni&Zaw)

930 20 2
                                    


လည်ချောင်းတစ်လျှောက်ခြောက်သွေ့ကာရေဆာသလိုဖြစ်လာတာကြောင့် မဟာ မျက်လုံးကိုအသာဖွင့်ရင်းထဖို့ကြိုးစားလိုက်မိ၏။

"အ...ကျွတ်...ကျွတ်"

သူ့ခေါင်းတခုလုံးမှာအုံခဲနေပြီးခန္ဓာကိုယ်ကြီးမှာလှုပ်မရအောင်နာကျင်လွန်းနေတာကြောင့် မဟာ ဆက်မလှုပ်ရှားသေးဘဲသူ့နံဘေးကိုစောင်းငဲ့ကာကြည့်လိုက်ရာ

"Angel"

"........."

ဖိုက်ဘာရေဇလုံလေးကိုဘေးမှာချပြီးခုတင်ပေါ်လက်တင်ကာမှောက်ခုံအိပ်ပျော်နေရှာသည့်အသဲခရာလေးကိုကြည့်ပြီး မဟာ့ ရင်မှာဂရုဏာမိုးတို့စွေလာရသည်။

"တညလုံးဒီလိုအိပ်နေတာလား...အအေးမိတော့မှာဘဲကွာ"

နာကျင်နေသည့်ကြားမှစိုးရိမ်ပူပန်မှုတွေကြီးစိုးလာတာကြောင့် မဟာ လူးလဲထရင်းအနွေးစောင်လေးဖြင့်ချစ်ရသူနွေးထွေးစေရန်တယုတယလွှမ်းခြုံပေးလိုက်လေသည်။

ထို့နောက်ရေဇလုံကိုစားပွဲပေါ်သို့ပြောင်းတင်လိုက်ကာနှစ်ခြိုက်စွာအိပ်မောကျနေသောချစ်ရသူလေးကိုအကြင်နာလျှံနေသည့်မျက်ဝန်းညိုကြီးဖြင့်တစိမ့်စိမ့်ကြည့်ရင်းချစ်ရသူ့ဆံနွယ်နုနုလေးတွေကိုတမြတ်တနိုးပွတ်သပ်ပေးနေမိ၏။
သူ့ကိုပြုစုပေးရင်းပင်ပန်းပြီးအိပ်ပျော်နေရှာတဲ့ချစ်ရသူလေးကို မဟာ အချစ်တွေတိုးရပြန်ပြီပေါ့။

"အ...ကျွတ်"

သူလှုပ်ရှားလိုက်တိုင်းဝမ်းဗိုက်နှင့်ကျောပြင်ပေါ်တွင်စူးသက်စပ်ဖျဥ်းနေသည့်ဝေဒနာကြီးကြောင့် မဟာ မျက်နှာကြီးကိုရှုံ့မဲ့ကာစုပ်သပ်လိုက်မိသည်။

ခန္ဓာကိုယ်အနှံ့တစစ်စစ်ကိုက်ခဲနာကျင်နေတာကြောင့်နာနေသည့်နေရာကိုအသာစမ်းကြည့်လိုက်ရာအနာကိုဆေးလူးပေးထားကာအဝတ်ပါးစဖြင့်ဖွဖွလေးစည်းနှောင်ပေးထားလေသည်။

"အဟွန်း"

တွန့်ကွေးသွားသော မဟာ့ နှုတ်ခမ်းကြီးမှာကျေနပ်ရိပ်တို့ကထင်းကနဲ။

"အဆိုးလေးကခုလိုကျတော့လဲဂရုစိုက်ရှာသားဘဲ"

အနာပေးပေး၊ဆေးပေးပေး ချစ်ရသူပေးလာတဲ့အရာမှန်သမျှက မဟာ့ အတွက်တော့ကျေနပ်ဖွယ်ရာများပင်။

🔥ခြွေ🔥Onde histórias criam vida. Descubra agora