part-32(Uni&Zaw)

1.2K 43 7
                                    

မတ်လနေကပူပြင်းလွန်းတာကြောင့်ပေါ့ပေါ့ပါးပါးအင်္ကျီနဲ့ဘောင်းဘီကိုသာ ခြွေ ရွေးချယ်ဝတ်ဆင်လိုက်ပြီးအပြင်သို့ထွက်လာခဲ့လိုက်သည်။

အပြင်ထွက်လိုက်တော့မှနေအရှိန်က ခြွေ ထင်ထားတာထက်ကိုပို၍ပူပြင်းလို့နေသည်။
သည်လိုအပူချိန်မျိုးနှင့်ကား Air Corn ကိုလဲသူအရမ်းမဖွင့်ရဲ။
အခန့်မသင့်လျှင်ဦးနှောက်သွေးကြောပြတ်သွားနိုင်သည်။

နဖူးစပ်မှစို့တက်လာသည့်ချွေးသီးလေးတွေကို ခြွေ လက်ဖြင့်အသာသပ်ရင်း Super Market ရှိရာသို့ကားကိုမောင်းလာခဲ့လိုက်သည်။

Super Market သို့ရောက်သည်နှင့်ကားပါကင်တွင်ကားကိုထိုးထားလိုက်ပြီးစျေးဝယ်ရန်အတွက် ခြွေ Super Market ထဲဝင်မည်အပြု

"ဟိုမှာ Model ခြွေ မဟုတ်လား...ချောလိုက်တာဟယ်...ဖြူဥနေတာဘဲ...အပြင်မှာတွေ့တုန်းအမှတ်တရဓါတ်ပုံရိုက်သွားဦးမှ"

"..........."

"နင်ပြောတာဟုတ်တယ်...အပြင်မှာတွေ့ရတုန်းလေးမဖြစ်ဖြစ်အောင်ကိုဓါတ်ပုံရိုက်သွားရမယ်"

"..........."

"ကောင်မတွေဒါမျိုးကျသွက်နေကြတာ...ရိုက်မယ်ဆိုလဲမြန်မြန်လာဟေ့...ဟိုက Super Market ထဲဝင်တော့မယ်"

ကျွတ်စီကျွတ်စီပြောရင်း ခြွေ ရှိရာသို့ခပ်သုတ်သုတ်လာနေသည့်ကောင်မလေးတသိုက်ကြောင့်ဘေးနားတဝိုက်ကလူတွေပါ ခြွေ့ ကိုသတိထားမိလာသည်။

"အဲ့တယောက်ကဟိုနေ့က Fashion ဂျာနယ်မှာပါလာတဲ့ Model မဟုတ်လား...အပြင်မှာတော်တော်ချောတယ်နော်"

"..........."

"ဟုတ်တယ်လေ...ထိုင်းဒီဇိုင်နာရဲ့ဖက်ရှင်ပြပွဲမှာသူ့ကိုလူတော်တော်များများသတိထားလိုက်မိကြတယ်...မျက်နှာသစ် Model ဆိုပေမဲ့အရည်အချင်းကဝါရင့် Model အတိုင်းဘဲ"

အချိုပွဲတွေ့သွားသည့်ပုရွက်ဆိတ်တွေလိုသူ့အနားတဖြေးဖြေးဝိုင်းအုံလာသည့်လူတွေကြောင့် ခြွေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။
သူ့ကိုလူတွေခုလောက်ထိသတိထားမိလိမ့်မည်ဟုသူမထင်ထားခဲ့တာအမှန်။

"Model အချောကြီးနဲ့မေသက်တို့ဓါတ်ပုံတွဲရိုက်ချင်လို့ပါရှင့်"

🔥ခြွေ🔥حيث تعيش القصص. اكتشف الآن