part-27(Uni&Zaw)

1.2K 45 4
                                    


သူ့ရှေ့ခပ်လှမ်းလှမ်းတွင်ရှိနေသောအသွင်သဏ္ဍာန်လေးကိုကြည့်လျှက် မဟာ ၏အသက်ရှူနှုန်းတွေမှာမြန်ဆန်လာရသည်။

သူအမြင်မှားတာတော့လုံးဝမဖြစ်နိုင်။
ထိုသဏ္ဍာန်လေးသည်သူသုံးနှစ်လုံးလုံးလွမ်းဆွတ်တမ်းတခဲ့ရတဲ့ပုံရိပ်လေးဆိုတာသေချာသည်။

"Angle"

"..........."

လွမ်းမောသံကြီးဖြင့် မဟာ ရေရွတ်မိရင်းသူ့စိတ်တွေမှာဂဏာမငြိမ်ချင်တော့။
ငယ်ဆူးခက် ဖြစ်ဖြစ်၊Angel ဖြစ်ဖြစ်သူ့နှလုံးသားရဲ့စေစားရာကိုသာသူလိုက်လျောရတော့မည်။

အချစ်ဆိုသည့်အရာကသူ့အပေါ်နိုင်စားလွန်းသည်။
စိုးမိုးလွန်းသည်။
သူမှာရှိသည့်လက်ကျန်မာနလေးကိုတောင်ရှင်သန်ခွင့်မပေးချင်။

ခုလည်းကြည့်။
ကမူးရှူးထိုးဝင်တိုးလာသည့်ရင်ခုန်သံတွေကြောင့်တရေးနိုးထလာသည့်ချစ်စိတ်တွေကသူ့နှလုံးသားကြီးကိုနပူနဆာတိုက်လို့နေပြီ။

ဖြစ်နိုင်လျှင်ကားပေါ်ကဆင်း၍ချစ်ရသူထံအပြေးလေးသွားလိုက်ချင်ပေမဲ့ကားများကြပ်ညှပ်နေသောကြောင့် မဟာ့ အတွက်အခွင့်အလမ်းကမသာ။

"ဟူး"

"..........."

ရင်ပူမောကြီးဖြင့်ခြောက်ကပ်ကပ်သက်ပြင်းကြီးကိုမှုတ်ထုတ်ပစ်ရင်း မဟာ အကြံအိုက်နေရ၏။
မီးပွိုင့်မီးစိမ်းသည်နှင့်လားရာမတူရာဆီသို့ဦးတည်ထားသည့်ကားနှစ်စီးကအဘယ်သို့ဆုံဆည်းနိုင်မည်နည်း။

သူထိုသို့အဖြစ်မခံနိုင်ပါ။
သုံးနှစ်တာပတ်လုံးသူ့နှလုံးသားကြီးမှာချစ်ဆိပ်တွေနဲ့နာမကျန်းဖြစ်နေတာကြာပြီ။
ခုဖြေဆေးကလက်တကမ်းအလိုမှာရှိနေပြီဆိုတော့။
ဒီလိုအခွင့်အရေးကိုသူဘယ်လိုနည်းနဲ့မှလက်လွှတ်မခံနိုင်။
အကျဥ်းစံခဲ့ရသည့်သူ့အချစ်တွေကိုလွတ်လပ်ခွင့်ပေးမှဖြစ်တော့မည်။

"ကိုယ်...ကိုယ်မင်းလေးကိုထပ်ပြီးလက်လွတ်မခံနိုင်တော့ဘူး"

"............"

ဆောက်တည်ရာမဲ့စွာသူရေရွတ်မိရင်းထပ်မံဆုံးရှုံးရမှာစိုးသည့်စိတ်ကြောင့်ဇောချွေးများပင်ပြန်လာရသည်။

🔥ခြွေ🔥Where stories live. Discover now