part-12(Uni&Zaw)

1.7K 49 8
                                    


ဒေါသအရှိန်ကြောင့် မဟာ့ ရင်ကြီးတခုလုံးမှာလွင်တီးခေါင်ကန္တာရအလားပူပြင်းခြောက်သွေ့လျှက်ရှိနေရ၏။

သူ့ရင်ခွင်ကြီးထဲမှာမလှုပ်မယှက်ပါလာသည့် ငယ်ဆူးခက် ကိုကြည့်ပြီး
မဟာ ၏ဒေါသတို့မှာအဆီးအတားမဲ့လာရသည်။

ကားပါကင်ကိုရောက်သည်နှင့်ကားရှေ့ခန်းတံခါးကိုဖွင့်လိုက်၍ ငယ်ဆူးခက် ကိုယ်လေးကိုကားထိုင်ခုံပေါ်သို့သူပစ်ဆောင့်ချလိုက်ပြီးနီစွေနေသောမျက်လုံးကြီးဖြင့်စားဝါးမတက်ကြည့်နေမိသည်။

သူလုပ်သမျှကိုခွန်းတုံ့မပြန်ဘဲသက်မဲ့အရုပ်လေးလိုငြိမ်ခံနေသည့် ငယ်ဆူးခက် ကြောင့် မဟာ ပိုပြီးဒေါသထွက်လာရသည်။

မာယာပရိယာရ်တွေနှင့်သူတပါးမျက်ရည်ကိုချူဖို့ကြိုးစားနေသော ငယ်ဆူးခက် ကိုကြည့်ပြီးသူ့ရင်ထဲတွင်လဲအော်ဂလီဆန်လာရသည်။

"ဂျိမ်း!"

".........."

သူကားတံခါးကိုဆောင့်ပိတ်ချလိုက်ပြီးကားရှေ့ကပတ်လျှောက်လာကာကားမောင်းသူနေရာတွင်ဝင်ထိုင်လိုက်၍အံကြီးကိုတင်းတင်းကြိတ်ထားလိုက်မိ၏။

ကားစတီယာတိုင်ကိုလက်ဖြင့်တင်းတင်းဆုပ်ကိုင်ထားမိရင်း ငယ်ဆူးခက် အပေါ်လိုတာထက်ပို၍အမျက်ဒေါသတောက်လောင်နေရသည့်အဖြစ်ကိုသူကိုယ်တိုင်ပင်နားမလည်ချင်တော့။

"တောက်!"

"................."

သူတောက်တချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်ပြီးကားကိုဆောင့်မောင်းကာထွက်ခဲ့လိုက်တော့သည်။

ကားမောင်းနေရင်းသူ့အမြင်အာရုံထဲတွင် ပေါ်လာသည်က ငယ်ဆူးခက်နှင့်ထိုလူ။
မိုးမမြင်လေမမြင်နဲ့နှစ်ဦးသားအကြည်ဆိုက်နေပုံကသူ့ရင်ကိုမျက်တက်တက်ဖြစ်နေစေသည်။

"ကျစ်!"

"..........."

မဟာ မကျေမလည်နှင့်စုပ်တချက်ကိုသပ်လိုက်ပြီးကားကိုလမ်းဘေးသို့ဆွဲချရပ်လိုက်ကာကားထိုင်ခုံကိုကျောမှီမှိန်းနေသော ငယ်ဆူးခက် ကိုယ်လေးကိုသူနှင့်မျက်နှာချင်းဆိုင်အနေအထားသို့ဆွဲလှည့်ပစ်လိုက်ကာ

🔥ခြွေ🔥Where stories live. Discover now