part-45(Uni&Zaw)

4.3K 46 18
                                    

ကုမုဒြာဆေးရုံကြီးရှေ့ TAXI ကားထိုးရပ်လိုက်သည်နှင့် ခြွေ ကျသင့်ငွေရှင်းပေးပြီးဆေးရုံကြီးထဲအပြေးဝင်လာခဲ့မိသည်။

ဆေးရုံကောင်တာရှိရာသို့ ခြွေ တန်းသွားလိုက်ပြီး

"ဆရာမ...ဆရာမ ဒီမနက်မှဆေးရုံကိုရောက်လာတဲ့ Lemon ဆိုတဲ့ကလေးမလေးကဘယ်အခန်းမှာလဲဗျာ"

ခြွေ အလောတကြီးမေးလိုက်တာကြောင့်ကောင်တာစောင့်ဆရာမကဆေးရုံမှတ်တမ်းစာအုပ်ကိုလှန်ကြည့်လိုက်ကာ

"ဟုတ်ကဲ့...အထူးခန်း (အခန်း No.1) မှာပါရှင်"

"ကျေးဇူးတင်ပါတယ်ဆရာမ"

ခြွေ အလျင်စလိုပြောရင်းအထူးခန်းရှိရာသို့အပြေးတပိုင်းလာခဲ့မိသည်။
သမီးအတွက်စိုးရိမ်စိတ်ကြီးနေတာကြောင့် ခြွေ မောရမှန်းပင်မသိတော့။

"သမီး...သမီးလေးဆီကိုပါးပါးလာနေပြီနော်"

စိုးထိတ်စိတ်တပိုင်းနှင့် ခြွေ့ နှလုံးသွေးတို့မှာဒိတ်ဒိတ်တိုးနေရသည်။
ခြွေ့ အသက်ထက်ပိုချစ်ရသောသမီးလေးတစုံတခုဖြစ်မှာ ခြွေ အလွန်ကြောက်မိပါသည်။

အထူးခန်း
အခန်း( No.1)

ရှေ့မှာမြင်နေရသည့်ဆိုင်းဘုတ်ကိုကြည့်ပြီး ခြွေ့ ခြေလှမ်းတွေမှာပိုမိုမြန်ဆန်လာရသည်။
ခြွေ အခန်းထဲဝင်ရောက်လိုက်ချိန်မှာတော့
ဆေးရုံကုတင်ပေါ်မှာငြိမ်သက်စွာလဲလျောင်းနေသောသမီးလေးကိုကြည့်ပြီး ခြွေ့ မျက်လုံးတွေပြာဝေသွားရသည်။

"သမီး...သမီးလေး"

ရင်ကွဲသံကြီးဖြင့် ခြွေ မြည်တမ်းရင်းရင်ဘတ်ကအင်္ကျီစကိုလက်ဖြင့်တင်းတင်းဆုပ်ကိုင်လိုက်မိ၏။
သမီးလေးကိုကြည့်ပြီး ခြွေ့ ရင်ကြီးမှာကွဲထွက်လုလုပင်။
​သားသမီးရဲ့နာကျင််မှုကိုအဘယ်မိဘကရှူ့စိမ့်နိုင်စွမ်းမည်နည်း။
သောကဖြင့်ရပ်တည်နိုင်စွမ်းမဲ့လာသော ခြွေ့ ကိုယ်လေးကို​ အန်တီထရေစီ က​အသာဝင်ထိန်းလိုက်ရင်း

"ခြွေ...စိတ်ကိုထိန်းပါကွယ်...သမီးလေးကသက်သာလာပါပြီ...ဆရာဝန်ကြီးကသေချာစစ်ဆေးပြီးဆေးသွင်းပေးထားလို့စောစောကဘဲအိပ်ပျော်သွားရှာတာ...ဝမ်းသာစရာက...သမီးလေးကလောလောဆယ်သွေးသွင်းဖို့မလိုအပ်သေးဘူးတဲ့"

You've reached the end of published parts.

⏰ Last updated: Feb 27, 2024 ⏰

Add this story to your Library to get notified about new parts!

🔥ခြွေ🔥Where stories live. Discover now