"တင်းတောင်...တင်းတောင်"".........."
ညက ကိုညှို့ ကိုစောင့်ရင်းဆိုဖါပေါ်မှာမှေးကနဲအိပ်ပျော်သွားရာမှတံခါးဘဲလ်မြည်သံကြောင့် ခြွေ ငေါက်ကနဲထထိုင်လိုက်မိ၏။
ညလုံးပေါက်နီးပါးအိပ်ပျက်ထားတာကြောင့် ခြွေ့ မျက်လုံးတွေမှာနီစပ်နေပြီးအမြင်ကမကြည်လင်ချင်။
အမြင်ကြည်စေရန်မျက်လုံးကိုလက်ဖြင့်အသာပွတ်သပ်ရင်း ခြွေ နာရီကိုကြည့်လိုက်မိရာ"မနက်ခုနှစ်နာရီဘဲရှိသေးတယ်...စောစောစီးစီးဘယ်သူများလဲ"
".........."
ခြွေ တွေးရင်းငူငူကြီးဆက်ထိုင်နေမိ၏။
စိတ်ပင်ပန်းသလိုဖြစ်နေတာကြောင့်လူကသိပ်မလှုပ်ချင်။
မနေ့ညကအကြောင်းကိုပြန်တွေးမိတော့ခြွေ့ ရင်ထဲတွင်ခဲဆွဲထားသလိုလေးလံလာရသည်။"တင်းတောင်...တင်းတောက်"
"..........."
အဆက်မပြတ်မြည်လာသည့်ဘဲလ်သံကြောင့် ခြွေ အကြည့်ကအခန်းတံခါးဆီသို့အလိုလိုရောက်သွားရပြန်သည်။
ကိုညှို့ ပြန်လာတာတော့မဖြစ်နိုင်။
ကိုညှို့ ကအခန်းတံခါးလျှို့ဝှက်နံပါတ်ကိုသိထားသူမို့ဘဲလ်တီးပြီးခေါ်စရာအကြောင်းမရှိ။
ဒါဆိုဘယ်သူများလဲ။လေးလံသည့်စိတ်တွေဖြင့်အခန်းတံခါးဆီသို့ ခြွေ သွားရင်းအခန်းတံခါးကိုဖွင့်ကြည့်လိုက်ရာ
"ဟင်!"
".........."
အာမေဋိတ်သံပြုရင်းအံ့အားတသင့်ဖြင့် ခြွေ နောက်သို့ခြေတလှမ်းဆုတ်လိုက်မိ၏။
"Morning ခြွေ "
".........."
နှုတ်ဆက်မှုပြုလာသူကိုကြည့်ပြီး ခြွေ စကားစတို့ရှာမရအောင်ဆွံ့အသွားရသည်။
ဝိုင်းစက်ပြူးကျယ်နေသော ခြွေ့ မျက်လုံးတွေမှာမယုံကြည်နိုင်သည့်အရိပ်လက္ခဏာတွေဖြင့်ဖုံးလွှမ်းလို့နေလေသည်။"ဒါ...ဒါက...ဘယ်လို"
"..........."
တုန်လှုပ်စွာသူရေရွတ်မိရင်းလည်ချောင်းဝတွင်တစ်ဆို့နေသောစကားစတို့ကရှေ့ဆက်မရအောင်ဖြစ်နေရသည်။
နုသစ်နေသောနံနက်ခင်းအစမှာတင် ခြွေ့ နှလုံးအိမ်ငယ်မှာသောက၏ဆူပူခြင်းကိုလည်စင်းခံနေရပြီထင်။
________________________________________________________
KAMU SEDANG MEMBACA
🔥ခြွေ🔥
Romansaမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်