part-36(Uni&Zaw)

848 29 6
                                    

 
လျှပ်တပြတ်ဆန်သည့် တုနှိုင်းမဟာ ၏အပြုအမူကြောင့် ခြွေ့  မျက်ဝန်းလေးမှာပြူးကျယ်လို့သွားရသည်။

"အွန့်...ခင်ဗျား"

"........."

ခြွေ့ နှုတ်ခမ်းလေးပေါ်ဖိအုပ်ကျလာသည်ပူနွေးစိုစွတ်သည့်အထိအတွေ့ကြီးကြောင့် ခြွေ့ မှာအသက်ရှူပင်မှားချင်ချင်။

ဂယက်ထန်လာသောအနမ်းလေပွေ၏တရှိုက်မက်မက်စုပ်မြိုမှုအောက်တွင်ဂျွမ်းထိုးမှောက်ခုံဖြစ်နေသည့် ခြွေ့ နှုတ်ခမ်းလေးမှာလွှင့်မြောရင်းမောရင်းဖြင့်ကမ်းပျောက်နေသည့်အလားပင်။

ကိုညှို့ တို့ရှိနေသည်ဟူသည့်အသိစိတ်​ကြောင့်လဲ ခြွေ့ တကိုယ်လုံးမှာရှက်စိတ်တို့ဖြင့်ထူပူနေရသည်။

"အွန့်...ပြွတ်...လွှတ်"

"........."

သားရဲဆန်နေသောအနမ်းရိုင်းတွေကြားမှ ရှက်စိတ်အဟုန်ဖြင့် ခြွေ တွန်းထိုးရုန်းကန်ကြည့်ပေမဲ့ဘယ်လိုမှမရ။
ခြွေ့ ကိုယ်လေးကိုတင်းကျပ်စွာဖက်တွယ်ထားသောထိုသူ၏လက်တွေမှာမြဲမြံလွန်းနေသည်။

စွန့်ခွာဖို့ကြိုးစားလေတိုင်းကျွံနစ်လာသည့်အနမ်းရိုင်းတွေကြောင့် ခြွေ့ ဒူးတွေပင်မခိုင်ချင်တော့။

နောက်ဆုံးကြံရာမရစွာဖြင့်ထိုသူ၏ခြေဖမိုးပေါ်ကို​ ခြွေ ဖနှောင့်နှင့်ဖိကြိတ်​လိုက်ရတော့သည်။

"အင့်"

"........."

"အ...ကျစ်!"

".........."

လွှတ်မြောက်သွားသောနှုတ်ခမ်းလေးကိုမကျေမချမ်းကြီးကြည့်ပြီးအောင့်သက်သက်ဖြင့်ညည်းတွားလိုက်သည့်ထိုသူ၏အကြည့်စူးစူးကြီးကို ခြွေ လွှဲဖယ်ရင်းခန္ဓာကိုယ်ချင်းအမြန်ခွာရပ်လိုက်မိ၏။

ရဲဥဥမျက်နှာလေးဖြင့် ကိုညှို့ တို့ကို ခြွေမဝံ့တဝံ့လေးလှမ်းကြည့်မိတော့အနေအထားခက်ပုံဖြင့်အားလုံးမှာမျက်နှာတွေကိုလွှဲထားကြသည်။
ခြွေ့  မှာရှက်လွန်း၍မျက်နှာကိုဘယ်နားထားရမှန်းပင်မသိတော့။

"အဟက်"

"........."

​ပြီတီတီအကြည့်ပြီးနှင့်ခနဲ့တဲ့တဲ့ရယ်လိုက်သည့်ထိုသူကြောင့်နှုတ်ခမ်းစွန်းလေးကိုဖိကိုက်ရင်း ခြွေ မခံချိမခံသာဖြစ်သွားရသည်။
ဘယ်လိုလူမှန်းမသိ။
အရှက်နည်းနည်းမှရှိပုံမရ။
လူရှေ့သူရှေ့မှာမျက်နှာပြောင်တိုက်လွန်းသည်။
ခြွေ မကြည်မသာတွေးရင်းထိုသူကိုမှုန်တေတေနဲ့ဘုကြည့်ကြည့်ပစ်လိုက်တော့သည်။

🔥ခြွေ🔥Where stories live. Discover now