Hotel အပေါ်ထပ်သို့တက်လာသည့် ငယ်ဆူးခက် ၏ခြေလှမ်းတွေမှာသွက်လက်ပေါ့ပါးနေပြီးနုသန့်ချောမွေ့နေသောမျက်နှာချောချောလေးမှာလဲလိုအင်ပြည့်ဝသွားသလိုကြည်လင်နေရ၏။တုနှိုင်းမဟာ ဆိုသောလူ့ပါးနပ်ကြီးကိုဤသို့လွယ်လင့်တကူသိမ်းသွင်းနိုင်လိမ့်မည်ဟုသူမထင်ခဲ့။
ငါဆိုတဲ့ဘဝင်ကြီးနဲ့မာနအလံလွှင့်ထူထားတတ်သည့် တုနှိုင်းမဟာ ရဲ့မျက်နှာကြီးကိုခုလိုအချိန်မျိုးမှာသူဇိမ်ခံကာတဝကြီးကြည့်ပစ်လိုက်ချင်သည်။
"အဟက်"
".........."
ကျေနပ်ရိပ်တွေနှင့်ဖူးနုရဲစွေနေသောနှုတ်ခမ်းလွှာထက်မှလှောင်ပြုံးလှလှလေးကခနိုးခနဲ့နှင့်စိန်ခေါ်နေသလိုပင်။
Angel အသွင်ဖြင့် တုနှိုင်းမဟာ ရဲ့ပျော်တော်ဆက်ဘဝကနေလွတ်မြောက်ပြီဆိုတော့ ငယ်ဆူးခက် ၏အပျော်တို့မှာအတိုင်းထက်အလွန်ဖြစ်နေရသည်။
"ဒေါက်...ဒေါက်...ဒေါက်"
"..........."
တုနှိုင်းမဟာ သီးသန့်ငှားထားရာအခန်းရှေ့သို့ရောက်သည်နှင့်အခန်းတံခါးကိုခေါက်လိုက်ကာသူရောက်ရှိကြောင်းကို ငယ်ဆူးခက် အသိပေးလိုက်သည်။
ပွင့်ဟသွားသောအခန်းတံခါးနောက်မှာကပိုကရိုဖြစ်နေသောဂါဝန်နှင့်နွမ်းလျလျပုံပေါက်နေသော ဆိုဖီယာ ကိုကြည့်၍ ငယ်ဆူးခက် သဘောပေါက်စွာဖြင့်သူ့လက်ထဲမှအင်္ကျီကိုအလိုက်တသိလှမ်းပေးလိုက်၏။
ဆိုဖီယာ ကသူပေးသောအင်္ကျီကိုအသာလှမ်းယူလိုက်ပြီးရှက်ခိုးဝေနေသောမပြယ့်တပြယ်အပြုံးလေးဖြင့်ကြည့်လာလျှက်
"ကျေးဇူးပါနော်...ဟိုလေ...ဆိုဖီယာ ဗိုက်အရမ်းဆာနေလို့ ဆိုဖီယာ နဲ့အတူတခုခုစားပြီးအဖေါ်လုပ်ပေးပါလားဟင်...တယောက်တည်းစားရမှာတမျိုးကြီးဖြစ်နေသလားလို့ပါ"
"..........."
ဆိုဖီယာ ၏အပြောကြောင့် ငယ်ဆူးခက် အခန်းထဲသို့ဝေ့ဝဲကာကြည့်လိုက်မိ၏။
အခန်းထဲတွင် တုနှိုင်းမဟာ ၏အရိပ်အယောင်ကိုလုံးဝမမြင်ရတာကြောင့်သူအံ့သြသွားရသည်။

ESTÁS LEYENDO
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်