မှန်ဘီဒိုထဲမှာသီးသန့်ချိတ်ဆွဲထားသည့်အပေါ်ဝတ်ကုတ်အင်္ကျီလေးကိုအံ့အားတသင့်ဖြင့် ခြွေ ကြည့်နေမိ၏။"ဒီအင်္ကျီကို တုနှိုင်းမဟာ ကခုထက်ထိသိမ်းထားတုန်းလား"
".........."
ခြွေ မယုံကြည်နိုင်။
တုနှိုင်းမဟာ လိုလူမျိုးကဒီလောက်ထိအစွဲအလမ်းကြီးလိမ့်မည်ဟုသူမထင်။ဒီအင်္ကျီကိုမြင်ရပြန်တော့ ခြွေ့ ရင်တနေရာကအောင့်လာရသည်။
တချိန်ကသိမ်ငယ််မှုတွေကြားမှာရှင်သန်ဖို့ကြိုးစားခဲ့ရတဲ့ ငယ်ဆူးခက် ဘဝက ခြွေ့ ကိုခြိမ်းခြောက်မှုပြုလို့လာသည်။
နှလုံးသွေးဖြင့်ရင်းထားခဲ့ရသမျှ၊
ငယ်ဆူးခက် အဖြစ်အရှုံးကြီးရှုံးထားရသမျှ ခြွေ အဖြစ််နဲ့ရှုံးကြွေးကိုပြန်ယူကိုယူရမည်။"အဟက်"
".........."
မချိုးမကျတွန့်ကွေးသွားသောနှုတ်ခမ်းစွန်းလေးမှာနာကျည်းရိပ်တွေကြောင့်အနားသတ်ကမညီချင်။
မင်္ဂလာမောင်နှံအခန်းကြီးအလားပြင်ဆင်ထားသည့် တုနှိုင်းမဟာ ရဲ့အခန်းကြီးကို ခြွေ စိမ်းသက်သက်ကြီးကြည့်ပြီးလှောင်ပြုံးလေးကိုပြုံးလျှက်အခန်းပြင်သို့ထွက်လာခဲ့လိုက်လေသည်။
ခြွေ့ ခြေလှမ်းတွေက ငယ်ဆူးခက် အဖြစ်ရှင်သန်ခဲ့သည့်အခန်းဟောင်းလေဆီသို့ဦးတည်လို့နေသည်။
အခန်းရှေ့အရောက်ခပ်ဟဟပွင့်နေသည့်အခန်းတံခါးကြောင့်တယောက်ယောက်များရှိနေမလားဟု ခြွေ တွေးလိုက်မိ၏။
အခန်းရှေ့မှ ခြွေ လှည့်ထွက်မည်အပြုစကားသံလိုလိုကြားလိုက်တာကြောင့်သူအသာနားစွင့်ကြည့်လိုက်မိရာ
"မနွယ် ကိစ္စတွေကကြာလေရှုပ်လေဖြစ်ကုန်ပြီ...ဒီအတိုင်းထားလို့တော့မဖြစ်တော့ဘူး...သခင်ကြီးသာလွန်မဟာ သာရှိနေသေးရင်ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေလိမ့်မလဲ...သခင်ကြီးသာလွန်မဟာ ကိုပေးထားတဲ့ကတိ မနွယ် မမေ့လောက်သေးဘူးလို့ထင်ပါတယ်...ကျုပ်ကတော့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လူလေး ငယ်ဆူးခက် ကိုမတွေ့ တွေ့အောင်ရှာပြီးသခင်ကြီးမှာထားခဲ့တဲ့အတိုင်းကိစ္စတွေကိုအမြန်ဆောင်ရွက်ရမှာဘဲ"
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်