ကားဖြူဖြူလေးကိုမျက်စိတဆုံးငေးကြည့်ရင်းပါးပါးရိုက်ခတ်လာသည့်အပျော်တို့က မဟာ့ နှလုံးသွေးကြောတလျှောက်စိမ့်ဝင်လာရသည်။"ဟုတ်တယ်...ငါထင်တာမမှားဘူးဆိုရင် ခြွေ...ခြွေ က"
"............"
မြင့်တက်သွားသည့်မျက်ခုံးတန်းကြီးအောက်မှမဟူရာဆန်ဆန်မျက်နက်ဝန်းကြီးမှာမျှော်လင့်ကြီးစွာဖြင့်အရောင်တွေလက်ထလာရသည်။
မဟာ တစုံတရာကိုသတိရလိုက်တာကြောင့်အတည်ပြုဖို့ရန်အတွက်အိမ်အပေါ်ထပ်သို့ခြေလှမ်းကျယ်ကြီးဖြင့်တက်လာခဲ့လိုက်သည်။
ထို့နောက်လျှို့ဝှက်စွာပြုလုပ်ထားသည့်အခန်းငယ်ထဲသို့အလျင်စလိုဝင်လိုက်ပြီးလွန်ခဲ့သည့်သုံးနှစ်ခန့်ကသိမ်းဆည်းထားသည့် CCTV မှတ်တမ်းကိုဖွင့်လျှက်သေချာအောင်ကြည့်နေမိ၏။
CCTV မှတ်တမ်းထဲမှဝိုးတဝါးလှုပ်ရှားနေသည့်ပုံရိပ်လေးကိုကြည့်လျှက် မဟာ ၏နှုတ်ခမ်းကြီးမှာအလိုပြည့်သွားပုံဖြင့်ကွေးညွှတ်ကျသွားရသည်။
"အဟွန်း"
"............"
ထူပြည့်နေသည့်အောက်နှုတ်ခမ်းသားကြီးကိုသွားစောင်းဖြင့်ဖိကိုက်ရင်းအပျော်ကျူးလာသည့်ရင်ခုန်သံတွေကိုသူထိန်းမရတော့။
"အဟား...မင်းလေးက Angel တဲ့လားကွာ"
"............."
အူမြူးစွာရေရွတ်မိရင်းဒိတ်ဒိတ်တိုးခုန်လှုပ်နေသည့်ရင်နံရံကြီးကိုလက်ဖြင့်ဖိအုပ်လျှက်မျက်လုံးကြီးကိုမှေးစင်းထားလိုက်မိ၏။
ရင်ခုန်သံစည်းချက်တို့ဖြင့်သူ့ရင်ကြီးတခုလုံးမှာသာယာမြိုင်ဆိုင်လျှက်ရှိနေရပြီ။"ဟား"
"............."
မွန်းကြပ်မှုတချို့မှသူချက်ချင်းလွတ်မြောက်သွားသလိုပင်။
ဟုတ်သည်။
Angel ကို ငယ်ဆူးခက် ဟုသူအထင်မှားခဲ့သည်။
ထို့ကြောင့်လေးလံသည့်စိတ်တို့ဖြင့်သူ့အချစ်မှာလွန်ဆွဲမှုများစွာရှိနေခဲ့သည်။ခုတော့ Angel က ငယ်ဆူးခက် မဟုတ်မှန်းသူသေချာသိလိုက်ပြီ။
ဆိုတော့သူ့ခံစားချက်တွေကိုထိန်းကွပ်နေစရာမလိုတော့။
မြင်းရိုင်းတစ်ကောင်လိုခုန်ပေါက်နေသောသူ့ရင်ခုန်သံတွေကိုအထိမ်းအကွပ်မဲ့သောရပ်ဝန်းငယ်မှာပျော်မြူးစေတော့မည်။
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်