ဖန်သားပြင်ပေါ်မှာထင်ဟပ်လာသည့်ပုံရိပ်ကိုကြည့်၍ မဟာ့ ခန္ဓာကိုယ်ရှိသွေးတွေမှာပြောင်းပြန်စီးဆင်းကုန်သလားဟုပင်ထင်မှတ်လိုက်ရသည်။မှင်သက်စွာကြည့်နေမိသည့်မျက်ဝန်းအစုံမှာမယုံကြည်နိုင်စွာပြူးကျယ်လျှက်ရှိနေပြီးအံ့အားတသင့်ဖြင့်ပွင့်ဟသွားသောနှုတ်ခမ်းကြီးမှာလဲအာစေးထည့်ခံထားရသလိုဆွံ့အလို့နေသည်။
စိတ်လှုပ်ရှားမှုကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်အုံကြီးမှာလဲလှိုင်းတံပိုးထန်နေသည့်အလားဝုန်းဒိုင်းကျဲနေရသည်။
မဟာ့ တသက်တွင်ဤကဲ့သို့စိတ်လှုပ်ရှားမှုမျိုးတကြိမ်တခါမှမကြုံဘူးခဲ့။
အရှိုက်ကိုခပ်ပြင်းပြင်းအထိုးခံလိုက်ရသည့်လူလို မဟာ ၏အနေအထားကအရှူအရှိုက်ခက်ခက်၊ခံရခက်ခက်နှင့်သည်းခြေပျက်လုလုပင်။ဖန်သားပြင်ပေါ်ကပုံရိပ်မှာရှင်းရှင်းလင်းလင်းဖြစ်နေသည်မို့သူအမြင်မှားစရာအကြောင်းလုံးဝမရှိ။
ဒါကဘယ်လိုရူးမိုက်မှုမျိုးလဲ။
မဟာ တွေးရင်းဂဏာမငြိမ်စွာဖြင့်လက်သီးကိုဆုပ်လျှက်သွားဖြင့်တေ့ကိုက်ထားလိုက်မိ၏။သူ့အခန်းထဲသို့ညင်းသွဲ့သွဲ့လေးလျှောက်လှမ်းလာသည့်ပုံသဏ္ဍာန်လေးကိုဖန်သားပြင်ပေါ်ကတဆင့်ကြည့်ပြီး မဟာ တယောက်အသက်ရှူပင်မှားချင်ချင်။
ပိုးသားတမျှနုစင်းနေသောဆံနွယ်စင်းစင်းတွေကြားမှဝင်းမွတ်နုဖတ်နေသည့်မပေါ့်တပေါ်မျက်နှာလှလှလေးက မဟာ့ ကိုသည်းခြေပျက်သွားစေသည်။
သူမြင်နေရသည့်လှကညာလေးက Angel တဲ့လား။"ဒါ...ဒါဆို Angel က...မ...မဖြစ်နိုင်တာဘဲ...ငယ်...ငယ်ဆူးခက်...တောက်!"
"............"
ငိုရအခက်၊ရီရအခက်နှင့်မထွေးနိုင်မအံနိုင်ဖြစ်နေသည့် မဟာ့ ပုံကြီးမှာအရူးတယောက်လိုပင်။
ငယ်ဆူးခက် ကသူ့ကိုလှလှပပကြီးလှည့်စားသွားခဲ့ပြီဘဲ။
သူကလူတယောက်တည်းကိုအရူးအမူးစွဲလမ်းနေခဲ့မိသလိုထိုလူကိုဘဲနာနာကျင်ကျင်ကျင်နဲ့မုန်းတီးနေမိသတဲ့လား။

VOCÊ ESTÁ LENDO
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်