သမီးလေးဆီမှပြန်လာကတည်းကကိုညှို့ မျက်နှာမကောင်းတာကို ခြွေ သတိထားမိသည်။ကားမောင်းနေတုန်း ခြွေ့ ကိုစကားတစ်ခွန်းမှမပြောဘဲတခုခုကိုတွေးနေသလိုမျိုးငူငေးငေးကြီးဖြစ်နေတာကြောင့် ခြွေ အလိုက်တသိပင်နံဘေးနားကနေငြိမ်ငြိမ်လေးလိုက်ပါခဲ့ရသည်။
ကွန်ဒိုကိုပြန်ရောက်တော့လည်းဧည့်ခန်းထဲတွင်ငိုင်ငိုင်ကြီးထိုင်လျှက်တခုခုကိုအသည်းအသန်စဉ်းစားနေသလိုလုပ်နေပြန်သည်။
ခြွေ ရေချိုးခန်းသို့ဝင်၍ကိုယ်လက်သန့်စင်ပြီးသည့်တိုင် ကိုညှို့ ကဧည့်ခန်းထဲတွင်ငူငူကြီးထိုင်နေဆဲပင်။
"ကိုညှို့ ငါ့ကိုစိတ်များဆိုးနေတာလား"
ခြွေ တွေးနေဆဲမှာပင် ကိုညှို့ ရဲ့အကြည့်နက်နက်ကြီးက ခြွေ့ ထံပါးရိပ်ကနဲကျရောက်လို့လာသည်။
မျက်နှာသစ်ပြီးကာစနုစိုဖတ်နေသည့်မျက်နှာဝင်းဖန့်ဖန့်လေးကိုမွှေးပွတဘတ်လေးဖြင့်သုတ်ရင်းသူ့ကိုစူးစမ်းသလိုကြည့်နေသည့် ခြွေ့ ကြောင့် မင်းညှို့စွမ်း ရင်မှာလှိုင်းထန်လာရသည်။
"ခြွေ"
"........."
တခုန်တလှိုက်နှင့်နင့်နဲနေသည့်ခေါ်သံကြီးကစိုးရိပ်တို့မွှန်နေသလိုပင်။
"ပြောလေ ကိုညှို့...ခြွေ့ ကိုတခုခုပြောစရာရှိနေလို့လား"
သူ့နံဘေးနားတွင်ဝင်ထိုင်ရင်းစိုးရိပ်ပျိုးနေသည့်မျက်ဝန်းငယ်လေးဖြင့်မေးလာသော ခြွေ့ ကြောင့် မင်ညှို့စွမ်း ၏နှလုံးစိုင်ကြီးမှာတနင့်နင့်နှင့်နာလာရသည်။
"ခြွေ...ကိုယ်ရယ်...မင်းရယ်...သမီးလေးရယ် နိုင်ငံခြားမှာအပြီးသွားနေကြရင်မကောင်းဘူးလားဟင်"
ခြွေ့ လက်လေးကိုတင်းတင်းဆုပ်ကိုင်ရင်းသူဆိုမိတော့ ခြွေ ကသူ့ကိုနားမလည်သလိုကြည့်လို့လာသည်။
ဖြစ်နိုင်လျှင် ခြွေ့ လက်ကိုဆွဲ၍ဒီနေရာကနေအဝေးဆုံးကိုသူထွက်သွားလိုက်ချင်သည်။
သူ ခြွေ့ ကိုဘယ်လိုနည်းနဲ့မှအဆုံးရှုံးမခံနိုင်။
ပူလောင်နေသည့်သူ့ရင်ကြီးတခုလုံးမှာလည်းစိုးထိတ်စိတ်တို့နှင့်မွှန်ထူနေရပြီ။

KAMU SEDANG MEMBACA
🔥ခြွေ🔥
Romansaမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်