ရွှေအိုရောင်ဝတ်ရုံကြီးကိုဖြန့်ကျက်လျှက်သတ္တကမ္ဘာကြီးအားလှုပ်နိုးမှုပြုလာသောနံနက်ခင်း၏ပျိုမြစ်မှုကတသွေးတမွေးနှင့်လှပလွန်းနေသည်။စိမ်းမြမြမြက်ခင်းပြင်ကြီးပေါ်တွင်နေခြည်နွေးနွေး၏ထိတွေ့မှုကိုမိန့်မိန့်ကြီးခံယူရင်း Latte coffee တစ်ခွက်ဖြင့်ဇိမ်ယစ်လျှက်ရှိနေသည့်လူသားတစ်ယောက်ရဲ့နံနက်ခင်းကတော့သာယာမှုတွေအတိပင်။
နီမြန်းနေသောနှုတ်ခမ်းသားကိုလျှာဖြင့်သပ်ဆွဲရင်းမျက်လုံးကြီးကိုမှေးစင်းလျှက်အတွေးရသသစ်ကိုထုဆစ်ပုံဖေါ်နေသည့်လူသားကြီးရဲ့အာရုံအစုစုကညကဝေပျိုလေး၏ညှို့ချက်မှာသက်ဝင်လို့ကောင်းနေဆဲ။
"မင်းလေးကဘယ်သူများလဲကွာ...ဘာလို့ကိုယ့်ကိုပြုစားနိုင်ရတာလဲ...ဟူး...မင်းလေးကြောင့်ကိုယ်ရူးနေရပြီကဝေမလေးရယ်...ညက...အဟွန်း"
".........."
လှိုက်ဖိုမောခဲ့ရသည့်တညတာအဖြစ်ကြီးကိုပြန်ပြောင်းတွေးရင်း မဟာ ၏ပျားရည်ဆမ်းထားသောနှုတ်ခမ်းကြီးမှာကျေနပ်ရိပ်တို့ဖြင့်ဖုံးဖိမနိုင်အောင်ဖြစ်နေရသည်။
သပ်ရပ်စွာဖီးသင်ထားသောဆံပင်တွေကိုလက်ကြီးဖြင့်ထိုးဖွသပ်ရင်းပြုံးတလှည့်၊ရီတလှည့်ဖြစ်နေသော မဟာ့ ပုံကစိတ်ကစားတတ်ကာစလူပျိုပေါက်လေးအတိုင်းပင်။
သူ့ရဲ့ဘဝမှာပထမဦးဆုံးခြွေချဖူးတဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုညှို့ချက်တွေနဲ့သိမ်းပိုက်သွားသူလေး။
ကျောက်သားလိုအေးစက်နေသည့်သူ့အသဲစိုင်ကြီးကိုသည်းသည်းလှုပ်အောင်ကိုင်လှုပ်နိုင်စွမ်းသူလေး။
မာယာများသည့်သူလိုပုရိသကြီးကိုအညုခရာကြောမှာနစ်မြောအောင်ပြုစားနိုင်စွမ်းသူလေး။
ဤကဲ့သို့ပြုစွမ်းနိုင်သူကဝေပျိုမလေးကမည်သူနည်း။
တွေးမိယုံဖြင့်သိမ့်ကနဲတုန်သွားသောသူ့ရင်ဘယ်ဘက်ခြမ်းကြီးကသွေးရိုးသားရိုးတော့မဖြစ်နိုင်။"အဟွန်း"
"............."
ရှက်ပြုံးစစနှင့် မဟာ သူ့ခေါင်းကြီးကိုခါရမ်းမိရင်းပြာလွင်လှပသောကောင်းကင်ကြီးကိုအသာမော့ကြည့်လိုက်မိ၏။
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်