နေခြည်ဖြန့်ခင်းညှင်းလေသင်းတဲ့ရွှေအိုရောင်နံနက်ခင်းအစကလောကသစ်ကိုပျူငှာစွာဧည့်ဝတ်ပြုလို့နေလေပြီ။ပျိုမြစ်သက်ဝင်နေသောနံနက်ခင်းအစတွင် Apron အဖြူရောင်ကိုကိုယ်တွင်ကျကျနနဝတ်လျှက်လေတချွန်ချွန်ဖြင့် Kitchen ထဲတွင်အလုပ်ရှုပ်နေသောသူမှာ မင်းညှို့စွမ်း ဟူသောလူညိုချောကြီးပင်။
မီးဖိုချောင်သုံးပစ္စည်းတွေကိုကျွမ်းကျင်စွာကိုင်တွယ်ရင်းချစ်ရသူခံတွင်းမြိန်စေမည့်နံနက်စာကိုကိုယ်တိုင်ကိုယ်ကျချက်ပြုတ်နေရသည်မို့နုသန့်နေသော မင်းညှို့စွမ်း ၏မျက်နှာကြီးမှာကျေနပ်ရိပ်တို့ဖြင့်မဖုံးနိုင်မဖိနိုင်အောင်ဖြစ်နေရသည်။
ရက်ကြာလာတာနဲ့အမျှ ငယ့် ဒါဏ်ရာတွေကပျောက်လုနီးပါးဖြစ်လာပေမဲ့အစာမာမာစားရန်မသင့်သေးတာကြောင့် မင်းညှို့စွမ်း ငယ့် အတွက်ဆန်ပြုတ် ပြုတ်ပေးနေခြင်းပင်။
ဆန်ပြုတ်ဆိုပေမဲ့ကြက်သားဆန်ပြုတ်ကိုရိုးအီနေမှာစိုးတာကြောင့် ငယ် ခံတွင်းအပြောင်းအလဲဖြစ်စေရန်ပင်လယ်စာဆန်ပြုတ်ကိုပြင်ဆင်ချက်ပြုတ်နေခြင်းဖြစ်၏။ပင်လယ်စာဆန်ပြုတ်မှာလုပ်ရလွယ်ကူသလိုခံတွင်းကိုလဲမြိန်စေသည်။
ဦးစွာပါးပါးလှီးထားသောပင်လယ်စာများကိုကြက်ဥ၊ပြောင်းဖူးမှုန့်တို့နှင့်သေချာနှပ်ထားရသည်။
ထို့နောက်ကြက်ရိုးနုနုကိုဂျင်း၊ကြက်သွန်ဖြူတို့ဖြင့်ပြုတ်ထားလျှက်ရေဆေးထားသောဆန်၊အသင့်လှီးထားသော Shitake မှိုနှင့်နှပ်ထားသောပင်လယ်စာများကိုဆား၊ကြက်သားမှုန့်၊းငရုတ်ကောင်းမှုန့်၊ကြက်သွန်မြိတ်၊နှမ်းဆီ၊ပဲငံပြာရည်တို့ဖြင့်နာရီဝက်အကြာပြုတ်ထားပါကချိုမွှေးနူးညံ့အရသာရှိသည့်ပင်လယ်စာဆန်ပြုတ်ကိုရရှိလေသည်။မင်းညှို့စွမ်း ပင်လယ်စာဆန်ပြုတ်ကိုစိတ်တိုင်းကျပြင်ဆင်ပြီးသည်နှင့် Apron ကိုချွတ်လိုက်ပြီး ငယ့် ကိုနံနက်စာစားဖို့ခေါ်ရန် Kitchen ခန်းထဲမှထွက်လာခဲ့လိုက်တော့သည်။
"ဒေါက်...ဒေါက်...ဒေါက်...ငယ် နိုးပြီလား...ကိုယ် ငယ့် အတွက်နံနက်စာပြင်ထားပြီးပြီ...ပူပူနွေးနွေးလေးလာစားလိုက်နော်"
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်