part-11(Uni&Zaw)

1.7K 48 8
                                    


"Crystal Mark အတွင်းမှခေတ်သစ်ငတက်ပြား"

"အဟက်!"

ဖုန်းမျက်နှာပြင်ပေါ်တွင်ရိုက်နှိပ်ထားသောစာကြောင်းကိုကြည့်လျှက်ခနဲ့သံကြီးဖြင့်ရယ်သွမ်းလိုက်သောနှုတ်ခမ်းကြီးမှာငြိုးဆိပ်တွေကအပြည့်ပင်။
အမုန်းမီးစွဲနေသည့်မျက်လုံးအစုံမှာလဲဒေါသအခိုးအလျှံတို့ဖြင့်စူးလက်လို့နေရသည်။

"ငါ့ခြေရင်းမှာမင်းဒူးထောက်လာစေရမယ် ငယ်ဆူးခက်"

အံကြိတ်သံကြီးဖြင့် မဟာ ကြိမ်းဝါးလိုက်ပြီး Facebook ပေါ်တွင် post တခုကို အမြန်တင်လိုက်ကာအေးစက်စက်ပုံကြီးနှင့်အငွေ့သေနေသောစီးကရက်ကိုနှုတ်ခမ်းထောင့်တွင်ခဲထားလိုက်လေသည်။

အငြိုးမသေသေးသောသူ့ရင်တွင်းမှာတော့အမုန်းမီးတွေကတမြေ့မြေ့လောင်ကျွမ်းလျှက်ရှိနေဆဲပင်။
_______________________________________

ရှက်စိတ်၊အားငယ်စိတ်၊ဝမ်းနည်းစိတ်၊ယူကြုံးမရစိတ်တို့ဖြင့်အဖတ်ဆယ်မရတော့မည့်သူ့အဖြစ်ကိုတွေးမိရင်း ငယ်ဆူးခက် အတုန်လှုပ်ကြီးတုန်လှုပ်နေရ၏။

ကံကြမ္မာမိုးကအငြိုးတကြီးနှင့်သူ့အပေါ်ကွက်ကြားမိုးရွာခဲ့ပြီလား။
နိမ့်ကျသောဘဝဖြင့်လူဖြစ်လာရသည်ကိုသူလက်ခံနိုင်ပေမဲ့နိမ့်ကျသောစိတ်ဓါတ်ရှိသည့်လူသားတဦးအနေဖြင့်တော့သူမရှင်သန်လို။

"ဟူး"

"............."

သက်ပြင်းပူကြီးတချက်ကိုမှုတ်ထုတ်ပစ်ရင်းသူ့ကိုဦးဆောင်ကာခေါ်သွားသောသူနောက်သို့ ငယ်ဆူးခက် စိတ်လေးလေးဖြင့်လိုက်သွားလိုက်မိ၏။
ထိုသူ့လက်ထဲတွင်ရှိနေသောမျှော်လင့်ချက်ယဲ့ယဲ့လေးသည်သာသူ၏မျှော်ကိုးရာဖြစ်လာခဲ့ပြီ။

လူရှင်းသောအခန်းထောင့်တနေရာအရောက်တွင်ထိုသူကခြေစုံကိုရပ်လိုက်၍သူနှင့်မျက်နှာချင်းဆိုင်ဖြစ်ရန်ကိုယ်ကိုလှည့်လိုက်ကာနွေးထွေးနူးညံ့သောအပြုံးဖြင့်ပြုံးပြလို့လာလေသည်။

ဒေါသရိပ်မသင့်သောထိုသူ၏အပြုံးနွေးနွေးကြောင့်မျှော်လင့်ချက်တစွန်းတစကို ငယ်ဆူးခက် ဖမ်းဆုပ်လိုက်မိသည်။

🔥ခြွေ🔥Donde viven las historias. Descúbrelo ahora