ပုခုံးပြေပြေပေါ်ကျရောက်လာသည့်လက်ရဲကြီးကြောင့် ငယ်ဆူးခက် ၏ခန္ဓာလေးမှာတောင်းတင်းအေးစက်လို့သွားရသည်။ရေစိုနေသောမျက်တောင်စိပ်စိပ်လေးမှာကြောက်လန့်တကြားဖြင့်တဖျတ်ဖျတ်ခတ်လျှက်ရှိနေရသလိုသန္တာရောင်ဖူးထနေသည့်နှုတ်ခမ်းအစုံမှာလဲတဆတ်ဆတ်တုန်ရီလို့နေရ၏။
တုနှိုင်းမဟာ သာသူ၏ဘဝမှန်ကိုသိသွားလျှင်စက္ကူစတစ်ရွက်လိုဆုပ်ခြေပစ်မည်မှာအသေအချာပင်။
တုနှိုင်းမဟာ ကိုကြည့်ရသည်မှာသူလိုချင်တာမရမချင်းနည်းမျိုးစုံသုံးပြီးလက်လျော့မည့်ပုံမပေါ်။
ဒီလိုအနေအထားမှာ ငယ်ဆူးခက် အတွက်ထွက်ပေါက်ကတစ်ခုတည်းသာရှိတော့သည်။ငယ်ဆူးခက် တုန်လှိုက်မောစွာဖြင့်တံတွေးတစ်ချက်ကိုဖိမြိုချလိုက်ပြီး
"ဒီ...ဒီမှာ ဦးတုနှိုင်းမဟာ...ခင်ဗျားကိုဒီည Angel နဲ့တွေ့ဖို့ကျွန်တော်စီစဉ်ပေးမယ်...ခုချိန်မှာကျွန်တော့်စိတ်အဆင်မပြေလို့ဘယ်သူနဲ့မှစကားမပြောချင်ဘူး...ကျွန်တော့်ကိုနားလည်ပေးပါ"
"............"
ငယ်ဆူးခက် ကိုသူနှင့်မျက်နှာချင်းဆိုင်ဖြစ်ရန်ဆွဲလှည့်ဖို့ပြင်နေသည့် မဟာ့ လက်မှာ Angel ဟူသောအသံကြားသည်နှင့်တန့်သွားရလေသည်။
"မင်းသေချာလား"
"..........."
အေးစက်စွာမေးလာသည့် မဟာ့ အသံမှာအတိမ်းအစောင်းမခံနိုင်သည့်သဘောမျိုး။
"ကျွန်တော်ကခင်ဗျားကိုလိမ်ပြောစရာအကြောင်းမှမရှိတာ...ကျွန်တော်အဆင်ပြေအောင်စီစဉ်ပေးပါ့မယ်...ခင်ဗျားကသာကျွန်တော့်ပြဿနာကိုပြေလည်အောင်အမြန်ဖြေရှင်းပေးပါ"
"..........."
"အဟွန်း...ok လေ...မင်းဘက်ကသာကတိတည်ရင်ကိုယ့်ဘက်ကလဲအကျိုးမယုတ်စေရပါဘူး"
လိုလိုလားလားလက်ခံလိုက်သော မဟာကြောင့် ငယ်ဆူးခက် ရင်ထဲမှာတစ်ဆို့နေသောအပူလုံးကြီးမှာလျှောကနဲကျသွားရသည်။
ငယ်ဆူးခက် ထံမှတိကျသေချာသောအဖြေကိုရလိုက်တာကြောင့်လိုအင်ပြည့်ဝသွားသော မဟာ မှာလေလေးတချွန်ချွန်ဖြင့်အခန်းထဲမှထွက်သွားတော့သည်။
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်