အညုခရာမျက်ဝန်းလှလှလေးဖြင့်သွေးဆောင်ဖျားယောင်းမှုပြုနေသောမိန်းမလှလေးကိုကြည့်၍ မဟာ ၏တင်းတင်းစေ့နေသောနှုတ်ခမ်းကြီးမှာလှောင်ရိပ်တို့လျှပ်ပြေးသွားရသည်။"အဟွန်း...တုနှိုင်းမဟာ ကိုလာစမ်းရဲကြတယ်ပေါ့လေ"
"..........."
မကျေမလည်အတွေးနှင့်စူးလက်အေးစက်နေသော မဟာ့ မျက်လုံးအစုံမှာသားကောင်ကိုအပိုင်းပိုင်းဖြတ်ပစ်တော့မည့်ကျားရဲကြီးအတိုင်းပင်။
ခံပြင်းမှုအရှိန်ဖြင့်ထောင်ထနေသောမေးကြောကြီးမှာလဲကြိတ်မနိုင်ခဲမရပုံနှင့်တင်းတောင့်လျှက်ရှိနေရ၏။
"ငယ်ဆူးခက်!"
"..........."
အံကြိတ်သံကြီးဖြင့်အေးစက်စက်ရေရွတ်မိသောအမည်နာမကသူ့ဒေါသကိုပို၍ဆူဝေလာစေသည်။
"ဟင်း"
"..........."
ဒေါသဆူနေသောရင်တွင်းသို့မကျေလည်မှုများစွာဖြင့်ခါးသက်သောသက်ပြင်းကြီးကိုဖိချရင်းမှေးကျဉ်းသွားသောမျက်လုံးအစုံမှာငြိုးမာန်တို့ပျိုးလာရသည်။
"အဟက်!...မင်းတို့ကမီးကိုမှလာကစားချင်ကြတာကိုး...မီးတော့မီးဘဲ...ဒါပေမဲ့ငါဆိုတဲ့ကောင်ကမီးတကာ့မီးထဲကအပြင်းဆုံးငရဲမီးဆိုတာကိုသိအောင်ပြရသေးတာပေါ့ကွာ"
".........."
ရင်တွင်းကြိမ်းဝါးသံကြီးဖြင့် မဟာ သူ၏နှုတ်ခမ်းစွန်းကိုအနည်းငယ်တွန့်လိုက်၍အေးစက်နေသောရေခဲရိုက်အပြုံးကြီးကိုပြုံးလိုက်ကာဆူပွက်နေသောဒေါသတွေအစား အသွေးအသားထဲမှာစိမ့်ပျော်လာသည့်ရက်စက်လိုခြင်းတွေက မဟာ့ ခန္ဓာကိုယ်ကြီးတခုလုံးကိုအေးစက်သွားစေသည်။
six packs တွေနှင့်ကျစ်လစ်နေသောသူ့ရင်ပြင်ကြီးပေါ်မှာရွရွလေးပြေးနေသည့်လက်သွယ်သွယ်လေးကို မဟာ လက်ဖြင့်ဖမ်းဆုပ်ရင်းအလိုမကျစွာဖြင့်သူ့ခန္ဓာကြီးပေါ်မှဖယ်ရှားပစ်လိုက်၏။
"အဟွန်း"
"..........."
ညစ်ထေးနေသောလှောင်ပြုံးကြီးကအေးစက်ခြင်းတွေကြားမှာစိမ့်ပျော်နေသည့်အလား။
သူ မကြည်ဖြူလျှင်သူ့ခန္ဓာပေါ်မြူတစ်မှုန်တင်သည်ကိုပင်မကြိုက်။

CZYTASZ
🔥ခြွေ🔥
Romansမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်