part-25(Uni&Zaw)

1.5K 51 7
                                    


မြန်မာပြည်သို့ ခြွေ ပြန်လည်ရောက်ရှိနေသည်မှာရက်ပိုင်းမျှပင်ရှိသေးသော်လည်းအေးဆေးစွာအနားမယူနိုင်သေးပေ။
Fashion လောကတွင်နေရာတနေရာရဖို့အတွက် ခြွေ လုံးပမ်းရဦးမည်။

လူသတင်းလူချင်းဆောင်ဆိုသလို Sanfrancisco တွင် ခြွေ နှင့်တစ်ကျောင်းတည်းအတူတက်ခဲ့သည့်သူငယ်ချင်းရဲ့မိတ်ဆက်ပေးမှုကြောင့် Fashion လောက၏ဆရာကြီးတစ်ဆူဖြစ်သည့် Mr.Pran နဲ့သူသိခွင့်ရခဲ့သည်။

Mr. Pran ကထိုင်းမြန်မာစပ်ဖြစ်ပြီးမြန်မာနိုင်ငံတွင်သာမကထိုင်းတွင်ပါနာမည်ကြီးဒီဇိုင်နာအဖြစ်ရပ်တည်နေသူဖြစ်၏။

ယခုလည်း Mr.Pran ကသူစီစဉ်ထားသည့် Fashion Show ပွဲတွင် ခြွေ့ ကိုပါဝင်ရန်ကမ်းလှမ်းလာသောကြောင့်သူ၏ပထမဦးဆုံးပွဲဦးထွက်အတွက်လစ်ဟာမှုမရှိအောင် ခြွေ ပြင်ဆင်နေရသည်။

Fashion ဆိုတာကခေတ်ရေစီးကြောင်းနဲ့အညီလူကြိုက်များတဲ့ Style ၊အလေ့အထအဝတ်အထည်၊ဖိနပ်နှင့်အသုံးအဆောင်များကိုရည်ညွှန်းလေ၏။

လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှု၊ဓလေ့စရိုက်ဖွံ့ဖြိုးတိုးတက်မှုကိုပြသရန် Fashion သည်အရေးပါသောကဏ္ဍတခုအဖြစ်ပါဝင်လေသည်။

ဖက်ရှင်ဒီဇိုင်နာပညာရှင်များ၏တီထွင်ဆန်းသစ်လာမှုကြောင့် Fashion သည်တနေ့ထက်တနေ့ပိုမို၍အသက်ဝင်လာရသလိုလူကြီး၊လူငယ်၊ကျား၊မ မရွေးခေတ်နှင့်လျော်ညီစွာ Fashion သည်ရေပန်းအစားဆုံးဖြစ်လာခဲ့သည်။

ခြွေ့ အတွက်ယခုပွဲကပထမဦးဆုံးပွဲဦးထွက်ဖြစ်သလို ခြွေ ကိုယ်၌ကဒီဇိုင်နာတစ်ယောက်ဖြစ်နေလေတော့ Fashion နှင့်ပက်သက်၍ကြီးမားသည့်အခက်အခဲတော့မရှိပေ။

သို့သော် ခြွေ ကိုယ်တိုင်စိတ်တိုင်းကျပြင်ဆင်ထာသည့်ဝတ်စုံများဖြင့်ပထမဦးဆုံးပွဲဦးထွက်ခွင့်ရမည်ဆိုတော့သူရင်ခုန်နေရသည်ကတော့အမှန်ပင်။

ယခုလည်း Mr.Pran ရဲ့ဖိတ်ကြားမှု​ဖြင့် ခြွေ ကိုယ်တိုင်ကားကိုမောင်းနှင်လျှက် Mr. Pran ၏နေအိမ်ရှိရာသို့ထွက်လာခဲ့လိုက်သည်။

ကြီးမားကျယ်ဝန်းသည့်အိမ်ခြံဝန်းကြီးတခြံ၏ရှေ့အရောက်တွင် ခြွေ ကားကိုရပ်လိုက်ပြီးခြံဝန်းထဲသို့အကဲခတ်ကြည့်လိုက်မိ၏။
Mr.Pran ပေးထားသည့်လိပ်စာအတိုင်းဆိုလျှင်ဒီခြံကြီးဖြစ်သည်မှာသေချာသည်။

🔥ခြွေ🔥Where stories live. Discover now