စေတန်၏ဝိညာဉ်ကိန်းအောင်းနေသူလိုသွေးအေးနေသော မဟာ့ ပုံကြီးကမြင်ရသူနှလုံးကိုအေးခဲသေစေလောက်သည်။မှေးကျဉ်းထားသောမျက်လုံးအစုံမှာသွေးဆာနေသောအရိပ်လက္ခဏာတွေနှင့်ပြည့်နှက်နေပြီးစီးကရက်ခဲထားသောအေးစက်စက်နှုတ်ခမ်းကြီးပေါ်မှာရက်စက်လိုသည့်အသွင်သဏ္ဍာန်တွေကအထင်းသားပင်။
မဟာ့ အတွက်တော့တဘဝစာလုံးလောင်မြိုက်လာသည့်အငြိုးမီးတွေကခုလိုချိန်မှာအရှိန်ပို၍ကောင်းနေသည်ထင်။
သူ့ရှေ့ကနင့်သီးသောဝေဒနာတွေနဲ့ဖျတ်ဖျတ်ခါလူးနေတဲ့ ငယ်ဆူးခက် ကိုကြည့်ပြီး မဟာ အကျေနပ်ကြီးကျေနပ်နေရ၏။
ဖြစ်နိုင်လျှင် ငယ်ဆူးခက် ကိုဒီ့ထက်မကသူခံစားစေချင်သည်။
သူ့ကိုအစေခံတစ်ယောက်လိုဝပ်တွားခယလာသည်အထိပညာပေးပစ်လိုက်ချင်သည်။
ငြိုးဆိပ်တွေတက်နေသည့် မဟာ့ ရင်တစ်ခု လုံးမှာလဲပူပြင်းလောင်မြိုက်လို့နေရသည်။ကျားချင်းတူလျှင်တောင် မဟာ ဆိုသည့်ကျားကဥာဏ်နီဥာဏ်နက်ပိုများရသည်မှာမဆန်းလှ။
ဒါကိုသိသိရက်နဲ့ကျားမြီးကိုလာဆွဲမှတော့လှည့်ပြန်ကိုက်မိတာသူ့အလွန်မဟုတ်။
မဟာ ဆိုသည်ကဇာတ်တူသားစားရလျှင်တောင်ဝန်မလေးတတ်သည့်သူမျိုးဘဲလေ။မဟာ စီးကရက်ခဲထားသောသူ၏နှုတ်ခမ်းကိုတွန့်ချိုးလိုက်ပြီးစိမ်ပြေနပြေထိုင်ကြည့်နေရာမှထလိုက်၍ဘောင်းဘီအိတ်ကပ်ထဲကိုလက်နှိုက်လျှက် ငယ်ဆူးခက် ရှိရာဆီသို့အေးစက်စွာလျှောက်သွားလိုက်လေသည်။
ဝေဒနာတွေနဲ့ထိုးစစ်ဆင်နေသည့် ငယ်ဆူးခက် ကိုသူကျေနပ်အားရစွာငုံ့မိုးကြည့်ရင်းနှုတ်ခမ်းတွင်းမှစီးကရက်ငွေ့တွေကိုပေါ့ပါးစွာမှုတ်ထုတ်လိုက်ကာမဲ့ပြုံးကြီးကိုသူပြုံးလိုက်မိ၏။
ဒီလိုမြင်ကွင်းမျိုးကသူ့ကိုများစွာကျေနပ်နှစ်သိမ့်မှုဖြစ်နေစေသလိုတသက်တာလုံးသိုထည့်ထားခဲ့ရသောအငြိုးအတေးကခုမှအနည်းငယ်ပြေလျော့သွားသလိုမျိုးခံစားရစေသည်။
သူ့ကိုမော့ကြည့်လာသောဝေဒနာငင်နေသည့်မျက်နက်ဝန်းငယ်မှာမျက်ရည်ကြည်တို့ရစ်ဝိုင်းနေရသလိုဝေဒနာနှောင်တွယ်ထားသောနီစွေရောင်နှုတ်ခမ်းလေးမှာလဲဟစိဟစိဖြင့်ထွက်သက်ကိုလုယူနေရသည့်အတိုင်းပင်။

ANDA SEDANG MEMBACA
🔥ခြွေ🔥
Romantikaမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်