လက်ထဲမှာရှိနေသည့် USB ကိုကြည့်ပြီးမဟာ မထိတထိကြီးပြုံးလိုက်၍ပိရိသေသပ်သောနှုတ်ခမ်းထက်တွင်စီးကရက်တစ်လိတ်ကိုအသာတေ့ကာခပ်ရှိုက်ရှိုက်တစ်ချက်ရှိုက်ဖွာလိုက်လေသည်။နှုတ်ခမ်းတွင်းမှဝေ့ဝဲနေသောစီးကရက်ငွေ့တွေကိုဖြေးဖြေးချင်းမှုတ်ထုတ်လိုက်ပြီးလေဟာနယ်ထဲမှာခြေရာဖျောက်သွားသောစီးကရက်မီးခိုးငွေ့တွေကိုသူစိမ်ပြေနပြေငေးကြည့်နေမိ၏။
"အဟင်း"
".........."
နီစွေရောင်နှုတ်ခမ်းထက်မှလျှပ်ပြေးသွားသောပြုံးရိပ်ကြီးမှာလိုအင်များစွာနှင့်ကြောက်ခမန်းလိလိပင်။
သားကောင်ကိုလိုချင်ရင်အစာနဲ့မျှားရတာကမုဆိုးတို့၏ပိရိယာရ်ဟုဆိုလေမလား။
Angel ကိုလိုချင်လျှင် ငယ်ဆူးခက် နှင့်သူမျှားမှရတော့မည်။မဟာ နက်နဲစွာတွေးလိုက်ရင်းအခန်းတွင်းသို့ဝင်ခဲ့လိုက်ကာစားပွဲပေါ်မှာအသင့်ရှိနေသည့်ဖုန်းကိုကောက်ကိုင်လိုက်၍
"တေဇ ငါစီစဉ်ထားတဲ့အတိုင်းလုပ်လိုက်တော့"
"............"
"ဟုတ်ကဲ့ Boss"
"............"
ဖုန်းပြောပြီးသည်နှင့် မဟာ ၏အကြည့်တို့ကနံရံကပ်ဗီဒိုတွင်သပ်ရပ်စွာချိတ်ဆွဲထားသည့်အပေါ်ထပ်ကုတ်အင်္ကျီလေးထံသို့ကျရောက်လို့သွားရသည်။
"အဟွန်း"
"............"
ကုတ်အင်္ကျီချိတ်ဆွဲထားရာနံရံကပ်ဗီဒိုဆီသို့ မဟာ တစ်လှမ်းချင်းလျှောက်လာလိုက်၍ကျေနပ်ပြုံးကြီးဖြင့်ကုတ်အင်္ကျီလေးကိုလက်ဖြင့်တယုတယပွတ်သပ်နေမိ၏။
ထို့နောက်ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်၍ကုတ်အင်္ကျီပေါ်တွင်စွဲနေသည့်ကိုယ်ရနံ့သင်းသင်းလေးကိုသူနှစ်ခြိုက်မက်မောစွာဖြင့်နမ်းရှိုက်လိုက်မိသည်။
ဘယ်လိုအချိန်မှာပင်နမ်းရှိုက်မိပါစေဦးရင်ငြိမ်စေသည့်ရနံ့သင်းသင်းလေးကသူ့ကိုရူးသွပ်နေစေသည်။ရင်ဗဟိုတွင်းသို့တငြိမ့်တညောင်းစီးဝင်သွားသည့်ကိုယ်ရနံ့လေးက မဟာ့ ရင်နံ့ရံကြီးကိုတိုးဝှေ့ကျီစယ်ရင်းမရိုးမရွဖြစ်အောင်ကလူမှုပြုနေတော့သည်။
![](https://img.wattpad.com/cover/344963271-288-k566759.jpg)
BINABASA MO ANG
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်