Sobranie Black Cigarette စီးကရက်ကိုပါးခွက်အစုံချိုင့်ဝင်သွားသည်အထိစုပ်ရှိုက်လိုက်ပြီးသူ့ရှေ့ကဝေဒနာငင်နေရှာသည့်ကျားပျိုငယ်ကိုဝါးမျိုလုမတက် မဟာ စိုက်ကြည့်နေမိသည်။မခိုးမခန့်အကြည့်ကြီးအောက်တွင်အထိတ်တလန့်ထပျံသွားသည့်မျက်တောင်စိတ်စိတ်လေးတွေကလှပလွန်းသည်ဟု မဟာ ထင်လိုက်မိသည်။
မထင်လျှင်မထင်သလိုမာန်ဖီတတ်တဲ့ကျားပေါက်စလေးကခုတော့လဲသူပြုသမျှနုရတော့မည့်ကြောင်ပေါက်စလေးအတိုင်းပါလား။
"အဟက်"
လှောင်သံတစ်ပိုင်းနှင့်တွန့်ချိုးသွားသောနှုတ်ခမ်းကြီးမှာကျေနပ်မှုတွေကအပြည့်။
ဖြစ်နိုင်လျှင် ငယ်ဆူးခက် ကိုသည်းခြေခိုက်လုမျှနာကျင််မှုမျိုးကိုသူထွင်းပေးလိုက်ချင်သည်။
သူ့ရှေ့မှာဒူးထောက်ငိုကြွေးရသည်အထိပညာပြလိုက်ချင်သည်။
သူ့ကိုမြင်တိုင်းတစစ်စစ်နှင့်အသဲခိုက်မတက်နာကျင်နေစေချင်သည်။အတွေးနဲ့တင်ဆူကြွလာသည့်ဒေါသတို့က မဟာ ၏အရိုင်းစိတ်ကိုမီးလောင်ရာလေပင့်ပေးနေသလိုပင်။
ဝေဒနာတွေကြားမှာမထွေးနိုင်မအံနိုင်ဖြစ်နေသည့်လူသားငယ်ကိုကြည့်ပြီး မဟာ မဲ့ပြုံးကြီးကိုပြုံးလိုက်မိသည်။
တုနှိုင်းမဟာ ဆိုတာကအလိုကျူးလာလျင်ဇာတ်တူသားကိုတောင်ရှောင်တတ်သည့်သူမျိုးမဟုတ်။
ခုလဲဝေဒနာဇောနှင့်တဆတ်ဆတ်တုန်ယင်နေသောရဲထွေးထွေးနှုတ်ခမ်းလေးကိုကြည့်ပြီး ဆာလောင်လာပုံဖြင့်သူ၏နီစွေရောင်နှုတ်ခမ်းကြီးအားလျှာဖြင့်သပ်လိုက်မိသည်။ငယ်ဆူးခက် ဆိုတဲ့အညှီအဟောက်တုံးလေးကိုကြည့်ရသည်မှာဘယ်ယင်ဖိုမှသန်းဖူးသေးပုံမရ။
ဆိုတော့။
မှေးကျဥ်းသွားသောမျက်လုံးအစုံမှာညစ်ထေးမှုတွေကအတိုင်းသား။
စားဦးစားဖျားကိုစားလိုက်ရသည့်အရသာကအလွန်ကောင်းလိမ့်မည်ဟု မဟာ တွေးထင်မိသည်။
အညှီတုံးလေးပေါ်မှာဦးဦးဖျားဖျားသန်းခွင့်ရတော့မည့် မဟာ ဆိုသည့်ယင်ဖိုကြီးကတော့ရမ္မက်သွေးတို့ဖြင့်ဆူဖြိုးလျက်ရှိနေပြီ။

VOUS LISEZ
🔥ခြွေ🔥
Roman d'amourမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်