part-9(Uni+Zaw)

2K 51 3
                                    


စံအိမ်ကြီးထဲသို့အထိတ်တလန့်ပုံဖြင့်ပြေးဝင်လာသော ငယ်ဆူးခက် ကိုကြည့်၍အိမ်တော်ထိန်းရှိန်တယောက်စိုးရိမ်စိတ်တို့ကြီးစိုးသွားရသည်။

"လူလေးဘာဖြစ်လို့လဲ...လေးရှိန်ဘာများကူညီပေးရမလဲ"

".........."

"ရ...ရပါတယ်လေးရှိန်...သားအပေါ်တက်ပြီးခဏအနားယူလိုက်ဦးမယ်နော်"

".........."

ဖြူဖျော့နေသောမျက်နှာလေးဖြင့်ဟန်လုပ်၍ပြောနေရှာသော ငယ်ဆူးခက် လေးကိုကြည့်၍ ဦးရှိန် စိတ်မကောင်းလှ။

ဘဝကံအကျိုးပေးမကောင်းရှာသည့်ဒီကလေးလေးကိုတူလိုတမျိုး၊သားလိုတဖုံနှင့်သူစောင့်ရှောက်လာခဲ့သည်မှာယခုအချိန်ထိပင်။
တကယ်တော့ ငယ်ဆူးခက် ၏မွေးသမိခင်ကြီးနှင့်သူနှင့်ကဆွေမျိုးမကင်းဟုပြောလို့ရသည်။

သခင်ကြီးဦးသာလွန်မဟာ မဆုံးခင်က ငယ်ဆူးခက် လေးကိုစောင့်ရှောက်ပေးဖို့ရန်သူ့ကိုအတန်တန်မှာကြားခဲ့သည်။
ထို့ကြောင့်လည်းဒီကလေးလေးကိုသူအတတ်နိုင်ဆုံးစောင့်ရှောက်မှုပေးခဲ့သည်။
သို့ပေမဲ့သခင်ကြီးသာလွန်မဟာ မရှိတော့သည့်နောက်ပိုင်းတွင်အခြေအနေတွေကအရင်ကနှင့်မတူတော့။
သခင်လေးတုနှိုင်းမဟာ ရဲ့ချုပ်တီးထားတဲ့အငြိုးတွေကတာကျိုးခဲ့ပြီမို့အငြိုးတွေကြားထဲမှာ ငယ်ဆူးခက် တယောက်မလူးသာမလွန့်သာနဲ့ရင်ဆည်းခံနေရတော့သည်။

ကံကြမ္မာမငဲ့ကွက်သည့်ကြားကလိမ္မာရေးခြားရှိပြီးအရိုးခံစိတ်လေးနှင့်ဘဝကိုရှင်သန်နိုင်အောင်ကြိုးစားနေရှာသောဒီကလေးလေးအပေါ်ကို ဦးရှိန် သံယောဇဥ်တိုး၍အသနားပိုခဲ့ရသည်။

ဦးရှိန် ကိုယ်၌ကလည်းဒွိလိင်တယောက်ဖြစ်နေလေတော့ ငယ်ဆူးခက် အပေါ်မှာစာနာစိတ်တို့ယိုဖိတ်ရသည်မှာမဆန်းလှပါ။

ကိုယ်ချင်းစာတရားနှင့်စာနာစိတ်တို့ကလူတယောက်အပေါ်မှာနားလည်မှုပိုတိုးစေသည်မဟုတ်ပါလား။

လှေကားတထစ်ချင်းစီကိုပန်းလျစွာဖြတ်ကျော်နေသည့် ငယ်ဆူးခက် ၏ကျောပြင်ငယ်လေးကိုကြည့်ရင်း ဦးရှိန် ရင်နင့်ရသည်။

🔥ခြွေ🔥Wo Geschichten leben. Entdecke jetzt