ကြယ်ငါးပွင့်အဆင့်ရှိ Grate Hotel ကြီး၏ VIP အခန်းကြီးတစ်ခုထဲတွင် Sobranic Black Cigarette စီးကရက်ကို နှုတ်ခမ်းထက်တွင်တေ့ထားပြီး Hotel အဝင်လမ်းကိုအပေါ်စီးကနေစူးစိုက်လျှက်ကြည့်နေသူတစ်ဦး။ထိုသူရဲ့မျက်လုံးအစုံကမဟူရာရောင်တဖိတ်ဖိတ်ထလျှက်ရှိနေပြီးတစုံတရာကိုစိတ်အားထက်သန်စွာဖြင့်စောင့်ဆိုင်းလျှက်ရှိနေလေ၏။
မဟာ သူ၏သေသပ်အချိုးကျနေသောနှုတ်ခမ်းထက်က Sobranic Black Cigarette စီးကရက်ကိုတစ်ချက်ဖွာရှိုက်လိုက်ပြီးအဖြူရောင်အငွေ့တွေကိုစိတ်ပြေနပြေမှုတ်ထုတ်လိုက်လေသည်။
တလွင့်လွင့်တက်သွားသောမီးခိုးငွေ့တွေကြားမှဖေါ်ကျူးမိသောရင်ခုန်သံတွေကသူ့ရင်ခွင်ကြီးထဲတွင်ဗြောင်းဆန်လို့နေပြီ။
Angel ဟူသောအလှနတ်ဖုရား၏မာယာကျော့ကွင်းကြီးထဲတွင်သူလှလှပပကြီးသက်ဆင်းချင်ပြီ။
မျှော်လင့်ရသောအလုပ်ကိုသူအလွန်မုန်းသည်။
သို့သော်သူ၏မျှော်လင့်ရာသည် Angel ဖြစ်နေပြန်တော့"မင်းလေးနဲ့တော့ကိုယ်ရူးပြီကွာ"
"..........."
မကျေမချမ်းရေရွတ်သံနှင့်အတူ မဟာ သူ၏ဆံပင်တွေကိုလက်ဖြင့်ထိုးဖွသပ်နေမိ၏။
ခြောက်သွေ့လာသောနှုတ်ခမ်းသားကိုလျှာဖြင့်ဆွဲသပ်ရင်းမချင့်မရဲအတွေးတွေနှင့် မဟာ့ စိတ်တွေမှာဂဏာမငြိမ်ချင်။
Angel ဆိုသောညှို့မျက်ရှင်လေးက မဟာ ဆိုသောပုရိသကြီးကိုဤသို့ပြုစားနိုင်စွမ်းသည်။
"ဟူး"
"........."
သူသက်ပြင်းတစ်ချက်ကိုခပ်ပြေပြေမှုတ်ထုတ်ပစ်ရင်းခေါင်းကိုမော့မျက်လုံးအစုံကိုမှေးစင်းလျှက်စောင့်ဆိုင်းရခြင်းအလုပ်ကိုသည်းခံဖို့ကြိုးစားနေရ၏။
မှောင်ရိပ်သန်းလာသည်နှင့်အမျှ Hotel ဝန်းကျင်ကြီးတခုလုံးကမီးရောင်စုံတွေနှင့်လှပသက်ဝင်လွန်းနေသည်။
မဟာ သူ့လက်မှနာရီကိုကြည့်လိုက်မိ၏။
နာရီလက်တံကညခုနှစ်နာရီကိုညွှန်ပြလို့နေပြီ။
မကြာခင်အချိန်တွင်းမှာသူ့ထံသို့ရောက်ရှိလာတော့မည့်ရင်ခုန်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ကိုသူကိုယ်တိုင်ဖန်တီးရမည်ဆိုတော့။

VOCÊ ESTÁ LENDO
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်