Sobranie Black Cigarette တစ်လိတ်ကိုနှုတ်ခမ်းထောင့်တွင်ခဲထားရင်းသူ့ကိုမခိုးမခန့်နှင့်ကြည့်နေသော မဟာ့ ပုံကတစုံတရာကိုစိန်ခေါ်မှုပြုနေသလိုပင်။"အဟက်! ငါကယုတ်မာတယ်ဟုတ်လား ငယ်ဆူးခက်...နှစ်ဦးနှစ်ဖက်သဘောတူညီပြီးသားကိစ္စမှာငါကဘယ်နေရာမှာများယုတ်မာနေရတာလဲ...ပြောစမ်းပါဦး
ဟေ့!...မင်းပြောကြည့်စမ်း...ငါကဘယ်နေရာမှာယုတ်မာနေလဲဆိုတာ"လေးဘက်ထောက်အနေအထားနှင့်ရှိနေသည့်ကောင်မလေး၏ဆံပင်ကိုနောက်ကနေဆုပ်ကိုင်ဆောင့်ဆွဲလိုက်ပြီးမထီမဲ့မြင်ပုံကြီးဖြင့် မဟာ မေးလိုက်ရာ
"အ...အမေ့...ဟို...ခုကိစ္စကနှစ်ဦးသဘောတူလုပ်ထားတာမို့လို့ ရှင်...ရှင်ပြောတာမမှားပါဘူး"
နာကျင်မှုကိုကြိတ်မှိတ်ခံရင်းသူ့ကိုနားလည်ပေးပါဟူသည့်အကြည့်လေးဖြင့်လှမ်းကြည့်လျက်ပြောလာသော မမကလျာ ကြောင့် ငယ်ဆူးခက် ရင်ထဲတွင်နင့်ကနဲဖြစ်သွားရသည်။
ချောက်ကမ်းပါးမှန်းသိလျက်နှင့် မမကလျာ ကိုသူတွန်းပို့ခဲ့မိပြီထင်။
တုနှိုင်းမဟာ ကိုကြည့်ရသည်မှာသူ့ကိုယ်စား မမကလျာ အပေါ်မှာငြိုးမာန်တွေကိုမညှာမတာဖြေလျော့တော့မည့်သဘောပင်။
မမကလျာ ကိုခေါ်လာခဲ့မိသည့်အတွက်နောင်တတရားတို့က ငယ်ဆူးခက် ရင်ထဲကိုအလုံးအရင်းလိုက်ဝင်လာရသည်။"မမကလျာ ကိုခုလိုဖြစ်စေမိလို့ ငယ် တောင်းပန်ပါတယ်"
သူ့ရင်တွင်းမှတိုးလျှိုသံလေးကို မမကလျာ ကြားနိုင်စွမ်းရှိမည်ထင်ပါသည်။
"အဟွန်း"
ကလျာ့ အဖြေကို မဟာ သဘောကျပုံမျိုးဖြင့်ခနဲ့သလိုရီလိုက်ပြီး ကလျာ့ ရှေ့တည့်တည့်က စားပွဲပေါ်တွင်တစ်သောင်းတန်အုပ်တစ်အုပ်ကိုပစ်ချလိုက်ကာ
"ဒီငွေတွေကလိမ္မာရင်မင်းအတွက်ဘဲ baby...ငါလိုချင်တဲ့တန်ရာတန်ကြေးကိုမင်းပေးနိုင်မယ်ဆိုရင်ပေါ့ကွာ"
စီးကရက်ကိုစိန်ပြေနပြေဖွာရှိုက်ရင်းစိန်ခေါ်ကြည့်ကြီးနှင့်အေးစက်စွာပြောလာသော မဟာ ကြောင့် ကလျာ့ ကျောပြင်ငယ်လေးထဲစိမ့်ကနဲဖြစ်သွားရသည်။
أنت تقرأ
🔥ခြွေ🔥
عاطفيةမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်