part-43(Uni&Zaw)

941 25 0
                                    


ခြွေ့ ရဲ့လှုပ်ရှားမှုတိုင်းကိုစူးစိုက်အကဲခတ်နေသည့် အိမ်တော်ထိန်းရှိန် ၏မျက်နှာမှာလေးနက်လို့နေသည်။

Kitchen ထဲမှာချက်ပြုတ်နေသော ခြွေ့ ကိုကြည့်ပြီးတစ်စုံတစ်ဦးနှင့်တူလွန်းသည်ဟု ဦးရှိန် မှတ်ချက်ချလိုက်မိသည်။
တူတာမှချက်ပုံပြုတ်ပုံအမူအရာသေးသေးလေးကအစဆင်တူလို့နေသည်။

"လူလေး ငယ်ဆူးခက် ဘယ်ကိုများရောက်နေတာလဲကွယ်...ဟင်း"

လေးပင်သောသက်ပြင်းကြီးကိုချလျှက် ဦးရှိန် ထိုနေရာမှလှည့်ထွက်လာခဲ့လိုက်သည်။

"လူလေး ငယ်ဆူးခက် ဘယ်မှာလဲဆိုတာငါမသိသိအောင်စုံစမ်းမှဖြစ်တော့မယ်"

လူတစ်ယောက်ဟာအကြောင်းပြချက်မရှိဘဲပျောက်ချင်းမလှပျောက်နေရတာက ဦးရှိန် အတွက်စဥ်းစားစရာဖြစ်လို့နေသည်။
သေသွားတယ်ဆိုဦးအလောင်းတော့ကျန်နေရမယ်မဟုတ်လား။
ခုကသတင်းအစအနမရဘဲပျောက်နေတာဆိုတော့။
ဦးရှိန် တွေးရင်းနေ့လည်ရောက်လျှင်တနေရာသို့သွားရန်ဆုံးဖြတ်လိုက်တော့သည်။

"သားဘာတွေချက်နေတာလဲ...အေးဆေးနေရောပေါ့သားရယ်...အန်တီ...ဟို...မေမေချက်မှာပေါ့...ဒီနေ့ Chef Moto ကကိစ္စရှိလို့ခွင့်ယူထားတော့ Kitchen ကိုမေမေကဘဲတာဝန်ယူရတော့မယ်ထင်တယ်"

မလုံမလဲပုံဖြင့်စကားစလာသောမေမေ့ကိုကြည့်ပြီး ခြွေ့  ရင်ထဲမှာနင့်ကနဲဖြစ်သွားရသည်။
မေမေ က ခြွေ့ ရဲ့မွေးသမိခင်အရင်းမဟုတ်ဘူးဆိုတာ ခြွေ ခုထိမယုံချင်ခဲ့။
သို့ပေမဲ့ကံကြမ္မာကရိုးမယ်ဖွဲ့ခဲ့လေတော့ ခြွေ့ နှလုံးသားမှာသွေးစိမ်းရှင်ရှင်နှင့်အနာကရင်းနေခဲ့ရပြီ။

မေမေကဘာ့ကြောင့် ခြွေ့ ကိုသူသားလို့လိမ်ခဲ့ရတာလဲ။
ခြွေ့ ရဲ့ဘဝအမှန်ကဘာလဲ။
ခြွေ့ ရဲ့ဘဝအမှန်ကိုဘာကြောင့်ဖုံးကွယ်ထားကြတာလဲ။
ဒီမေးခွန်းတွေက ခြွေ့ ကိုများစွာခြိမ်းခြောက်မှုပြုလို့နေသည်။
ခြွေ အတွေးတွေနှင်ခတ္တငိုင်နေရာမှမေမေရှိနေတယ်ဆိုတဲ့အသိကြောင့်ဟန်ဆောင်ပြုံးလေးပြုံးလိုက်၍

"ရပါတယ်မေမေ...တလက်စတည်းချက်လက်စနဲ့နံနက်စာကိုသားဘဲပြင်လိုက်ပါ့မယ်...မေမေလုပ်စရာရှိတာလုပ်ပါ"

🔥ခြွေ🔥Donde viven las historias. Descúbrelo ahora