Ch-1+2

2.4K 77 3
                                    

1.

"မစ္စထုန် ဒီညက မင်းရဲ့ မင်္ဂလာဦးညပဲ ရှစ်နာရီကျရင် အိမ်တော်မှာပရော်ဖက်ဆာက မင်းကိုစောင့်နေမယ်။ နောက်မကျစေနဲ့!"

"ဟုတ်ကဲ့ ကျွန်မမှတ်ထားပါ့မယ်။"

ထုန်လုသည်အချိန်မှန် ရှစ်နာရီတွင် သမ္မတအိမ်တော်ရှိ ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်နှာကျက်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။ သူမ၏ ရင်ဘတ်ထဲတွင် ပြင်းထန် ခါးသီး နေသော ခံစားချက်တစ်ခု ကသူ့ကိုအသက်ရှူကြပ်စေတယ်

ယောကျာ်းဖြစ်သူနဲ့ တစ်ညတာ အတူကုန်ဆုံးရမယ့်အကြောင်း တွေ သူမသိပ်မသိဘူးသူမကိုယ်တိုင်လဲမလိုလားပေ။အဲ့ဒီလူဟာ သူမကို အိမ်ထောင်ဖက်လက်ဆောင်အဖြစ် ယွမ်ငါးသန်းပေးစွမ်းနိုင်ပြီး သူမအဖွားရဲ့ခွဲစိတ်မှုအတွက် ပေးချေဖို့ အရေးပေါ်လိုအပ်နေပါတယ်။ သူ့အဖွားက အပြင်းဖျားနေတာကြောင့် သူမတွင် အခြားရွေးချယ်စရာမရှိပေ။

ရုတ်တရက် တံခါးပွင့်လာပြီး မရေမတွက်နိုင်သော ခြေသံများက တံခါးဝတွင် ရပ်တန့်သွားကြတယ်။အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူများသည် တစ်စုံတစ်ဦးကို ကြိုဆိုရင်း ရိုသေလေးစားသော အမူအရာများ နဲ့ တညီတညွှတ်ခေါင်းငုံ့ထားကြသည်။

မကြာမီ တံခါးဝရှေ့တွင် အရပ်မြင့်မြင့် အသွင်သဏ္ဌန်တစ်ခုရပ်သွားတယ်

ထုန်လုက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်မိသည်။

ဒီလောက် သိက္ခာရှိပြီး ကြီးစိုးတဲ့ ရောင်ဝါရှိတဲ့ ယောက်ျားမျိုးကို သူမ တခါမှမမြင်ဖူးဘူး။ သူကလူဆိုးလားလူကောင်းလားဆိုတာလည်း ထုန်လုမသိပါဘူး။ ကုန်ကုန်ပြောရရင် သူ့ယောကျာ်း၏အထောက်အထားအားလုံး သူမကဘာဆိုဘာမျှမသိချေ။

ဒီလူက ငရဲ၏ဘုရင်နှင့် နေ၏ဘုရားသခင်ဖြစ်နိုင်သည့်အလား အန္တရာယ်များပြီး အစွမ်းထက်တယ်၊သူ့မျက်လုံးအောက်ခြေမှာ အေးစက်တဲ့ အရိပ်အယောင်တွေ တည်းခိုနေတယ်။ ကမ္ဘာပေါ်ရှိရှိသမျှလူတွေအားလုံး ဒူးထောက်ခစားစေချင်လောက်အောင် အရှိန်အဝါက အေးစက်လွန်းတယ်။

"လက်ထပ်ဖို့ မိန်းမရှာနေတဲ့ ပိုစတာကြေငြာကို ဖြေကြားတာ သူမလား။"

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now