Chapter:35
ထုန်လုသည် လန်ယဲ့ကျင်းထံမှ တစ်စုံတစ်ခုအားရှာတွေ့လို့တွေ့ငြား ခိုးကြောင် ခိုးဝှက်ဖြင့် သူ့နောက်သို့ တစ်လျှောက်လုံး လိုက်နေခဲ့သည်။ သူက သန့်စင်ခန်းဘက်ဝင် သွားတာကြောင့် သူမဤနေရာမှ ရပ်နေရုံဖြင့် အတော်ကြာစောင့်လိုက်ရ၏။
'ထူးဆန်းတယ် ။ သူဘာလို့ ထွက်မလာသေးတာလဲ။'
ထုန်လုကခေါင်းကို ညိတ်ရင်း ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။
'အခန်း နှစ်မလား'
သူမ သက်ပြင်းချရင်း နောက်ထပ်အနည်း ငယ် စောင့်ဆိုင်းခဲ့သည်။'အိမ်သာသုံးစက္ကူ ယူလာဖို့ မေ့သွားတာများလား?မေ့လိုက်!'
ယောက်ျားတွေရဲ့သန့်စင်ခန်းရှေ့မှာ ရပ်စောင့်နေတဲ့မိန်းကလေးက သူများအမြင်မှာ တကယ့်ကို ဖောက်ပြန်သည့်ပုံစံပေါက်နိုင်သည်။
ဟိုလှည့်ဒီလှည့်ပြုနေသောထုန်လုသည် ရုတ် တရက် သူမ နှလုံးဖောက်လုနီးနီး အော်လိုက်မိ၏။
"အမေ့!!"
ကြီးမားသောရုပ်သွင်ပြင်တစ်ခုက သူမရှေ့၌ ရပ်နေရာ ချက်ချင်းဆိုသလိုသူမနှာခေါင်းက မာကြောပြီး သန်မာသောသူ့ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားကာ နာကျင်မှုကြောင့် သူမမျက်မှောင် ကြုတ်သွားရသည်။
သူမက ဝဲတက်လာသောမျက်ရည်ကိုထိန်းရင်း ခေါင်းကိုမော့ကာ သူ့အားစွပ်စွဲလ်ိုက်သည်။
"ရှင်ဘာလို့ ကျွန်မနောက်မှာရပ်နေတာလဲ"
လန်ယဲ့ကျင်းက သူ့မအားမယုံနိုင်စွာကြည့်လျက် အေးစက်စက်တုံ့ပြန်ခဲ့၏။
"မင်းကသာ ယောက်ျားတွေရဲ့ သန့်စင်ခန်းရှေ့မှာ ရပ်နေတာ။ ဝင်သွားဖို့ လုပ်နေတာလား။""မ.....ကျိန်းသေပေါက်ဘယ်ဟုတ်မလဲနော်.။.ကျွန်မကမိန်းကလေးသန့်စင်ခန်းထဲဝင်တော့မလို့။"
ထုန်လုသည် အပြစ်ရှိသလိုခံစားနေရသော်လည်း သူမသည် လန်ယဲ့ကျင်း၏ မျက်လုံးများကို လေ့လာရန် မမေ့ခဲ့ပေ။ သူမသည် ၎င်းတို့ကို အနီးကပ်ကြည့်၍ နောက်ထပ်အနီးကပ်ကြည့်မိပြန်သည်။ ပိုနီးလာသည်နှင်အမျှ သူမမျက်မှောင်ကြုတ်လိုက်တယ်။