Chapter:27
စံအိမ်သို့ပြန်ရောက်လာသောအခါ၌ ဉာဏ်ကြီးရှင် ဆေးဘက်ဆိုင်ရာဆရာဝန် ကျီယိမင်ဟာ ထုန်လု၏ဒဏ်ရာကို ကုသပေးရန် ဆင့်ခေါ်ခြင်းခံခဲ့ရ၏။
ကျီယိမင်သည် ထုန်လု၏ပါးပြင်ထက်မှ ခြစ်ရာလေးကိုတွေ့လိုက်ရသည့်အခိုက် လုံးဝကိုဆွံ့အသွားရ၏။
ဒီကောင်သူ့ကို လျှော့တွက်နေတာပဲ !!
သို့သော် သူ့ဘေးမှ ထိုင်နေသော အားကောင်းမောင်းသန်လန်ယဲ့ကျင်းကို ကြည့်လိုက်သောအခါ မကျေနပ်မှုများအားလုံးကို မျိုချကာ ချက်ချင်းပါးစပ်ပိတ်လိုက်လေသည်။"ဒါက အသေးစားဒဏ်ရာတစ်ခုပဲ၊ မင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမှာမဟုတ်ဘူး။ ငါလိမ်းဆေးပေးလိုက်မယ်၊ မနက်ဖြန်ကျရင် လုံးဝကိုအရှင်း ပျောက်ကင်းသွားလိမ့်မယ်။"
ထုန်လုက သူပြောတာကို မယုံကြည်ပေမဲ့ အသာတကြည်ပြုံးရင်း
"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာ"
အဲ့ဒီလို မှော်နံ့သာဆီမျိုး ဘယ်လိုရှိနိုင်ပါ့မလဲလေ။
သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာက အမှန်ပင် မပြင်းထန်ခဲ့သော်လည်း ရှန်းရှန်းမှာ အလွန်စိတ်မကောင်းဖြစ်နေပုံရပြီး သူမက လက်သေးသေးလေးနှစ်ဖက်ကိုဖြတ်လို့ သူ့အဖေက်ို အပြစ်တင်နေ၏။
"ဒယ်ဒီ !ဘာလို့ မေမေကိုမကာကွယ်တာလဲ။"
ထုန်လုက ရှန်းရှန်းကို အမြန်ပွေ့ဖက်ပြီး တားလိုက်တယ်။
"ရှန်းရှန်း၊အမေအဆင်ပြေပါတယ်"
"ဒါပေမယ့် မေမေက မလှတော့ဘူး ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်လို့ ဒယ်ဒီက မလိုချင်တော့ရင် ဘယ်လိုလုပ်မှာလဲ"ထုန်လု: "..."
ဒီကလေးမက တစ်ချိန်လုံး ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အကြောင်းတွေပဲတွေးနေတာလား။
ထို့နောက်သူမက ရှန်းရှန်းရဲ့မျက်နှာကို ချစ်စနိုးနဲ့ ဖွဖွဆွဲလျက် နှစ်သိမ့်လိုက်ရသည်။
"မနက်ဖြန်ပြန်ကောင်းလာမယ်လို့ ဦးလေးဒေါက်တာ ပြောတာ ရှန်းရှန်းမကြားမိဘူးလား"