Chapter:36
လန်ယဲ့ကျင်းသည် စင်္ကြံအဝင်ဝတွင် ရပ်ကာ ကော်ဖီကို အေးအေးဆေးဆေး သောက်နေလိုက်ရင်း
"မင်း သမ္မတရုံးမှာ အလုပ်လုပ်ချင်လား" "
"အင်း လုပ်ချင်ပါတယ် မကြာခင် ကျွန်မဘွဲ့ရတော့မယ်။ ဒီတစ်ခါတော့ အခွင့်အရေးကောင်းပဲ၊တစ်ခါလောက်တော့ တိုက်ပွဲဝင်ကြည့်ချင်တယ်"
အဲ့တာကိုကြားတော့ သူက မျက်မှောင်ကြုတ်၍ သူမအား အေးစက်စွာသတိပေးလိုက်၏။
"အနောက်တံခါးနဲ့ ဖြတ်သွားလို့မရဘူး!!"
သူ့စကားကြောင့် ထုန်လု၏ပါးပြင်များ ရုတ်တရက် သွေးချင်းတောက်လောင်သွားရပါတယ်။
"ကျွန်မက အနောက်တံခါးနဲ့ မဝင်ပါဘူးနော်။
အကိုးအကားအဖြစ် စံပြကိုယ်စားလှယ်လောင်း၏ စံနှုန်းကို သိချင်ရုံလောက်လေးပါပဲ"လန်ယဲ့ကျင်းက မျက်ခုံးပင့်လိုက်ပြီး သူမကို မယုံကြည်နိုင်လောက်သော အကြည့်ပေးကာ
"မင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်လား"
" အရမ်းကြီးတော့ မဆိုးပါဘူး ”
ပြောပြီးသည်နှင့် ထုန်လုသည် သူ၏အထင် အမြင်သေးလိုဟန်ရသော မျက်ဝန်းများကို တွေ့လိုက်ရရာ ဒေါသတကြီးအသံနဲ့ ဆက်ပြောလိုက်သည်။"ကျောင်းမှာ ကျွန်မရဲ့ စွမ်းဆောင်ရည်က ကောင်းပါတယ်နော်။အစ်ကို့လောက် မကောင်းပေမယ့်လည်း မနက်တိုင်း ငါးနာရီခွဲဆို အိပ်ရာကထပြီး လုံလဝီရိယနဲ့ ကျွန်မရဲ့အားနည်းချက်တွေကို အားသာချက်အဖြစ် ပြန်ပြောင်းလဲနိုင်ခဲ့တယ်!!!"
ငါးနာရီခွဲ အိပ်ရာကထတာကို ဘယ်လိုတောင် ပြောင်"တင်း" ပြောဝံ့နေပါသလဲ။
"ဒါဆို အလုပ်ကြိုးစားပြီး ကောင်းကောင်းလုပ်!"
ထိုအခါ လန်ယဲ့ကျင်းသည် သူမကို မကျေမနပ် စိုက်ကြည့်ကာ ကော်ဖီကို တစ်ငုံထပ်သောက်လိုက်သည်။
ထို့နောက် ကော်ဖီခွက်ကို သူမထံ ပြန်ကမ်းပေးရင်း လှည့်ထွက်သွားလေတယ်။
ထုန်လုသည် ထွက်သွားသည့်လူအား အမှီလိုက်ရင်း
"စကားမစပ် အစ်ကို! ကျန်မရဲ့မျက်နှာပေါ်က ဒဏ်ရာတွေ သက်သာလာတာကို သတိထားမိလား။ မကြာသေးခင်က ဘာဖြစ်နေမှန်းလဲမသိဘူး။ခုတလော ကျွန်မရဲ့ဒဏ်ရာတွေ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ သက်သာလာလေ့ရှိတယ်”