Chapter:32
ထုန်လုသည် စိတ်လှုပ်ရှားစွာဖြင့် ရေချိုးခန်းထဲမှ ခုန်ပေါက်နေမိသည်။ ကမ္ဘာပေါ်မှာ အလှတရားကို မနှစ်သက်တဲ့ မိန်းကလေးမရှိပါဘူးလေ။
ထို့အပြင် သူမတစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်။
"လူတွေပြောကြတာ အရက်မူးပြီး မနက်နိုးလာရင် ခေါင်းကွဲလုမတတ်မူးတယ်လို့လေ။ ဒါပေမဲ့ ငါလေးကတော့ လုံးဝ မူးမနေပါလား။'
******
လန်ယဲ့ကျင်းသည် သူ့ခေါင်းနောက်မှ လက်တစ်ဖက်ဖြင့်ခုထားရင်း ကုတင်ပေါ်၌ အားနည်းစွာ လဲလျောင်းနေသည်။ပင်ပန်းခဲ့ပြီးနောက် သူ့တစ်ကိုယ်လုံး ပျော့ခွေနေသည့် ရောင်ဝါများ ဖုံးလွှမ်းသွားရ၏။ထိုမိန်းကလေး၏ စူးစူးဝါးဝါးစကားပြောသံကို သူ့နားထဲကွင်း"ကွက်"ကြားနေရတယ်။
သူ့ကိုယ်သူ နည်းနည်းလေး သိနေရင်တောင်မှ ဒါကို အခွင့်ကောင်းယူမိနေတာလည်း သိသည်။
သို့သော် ထိုကိစ္စမှ အကျိုးအမြတ်ရရှိခဲ့သူဟာ သူမဖြစ်ကြောင်း သိသင့်သည်။တစ်နည်းအားဖြင့် စကင်းကပ်နေစရာပင်မလိုပဲ အရည်အသွေးမြင့်အသားအရည်၊ အလွန်ထိရောက်သော ဘက်စုံသုံးဆေးဝါးနှင့် အလွန်ခန့်ညားသော အမျိုးသားတစ်ဦးတို့ကို တစ်ပြိုင်နက် တွေ့ခဲ့ရသည်။ထိုအခိုက် သူ၏ နှုတ်ခမ်းထောင့်သည် တွန့် လိမ်သွားရင်း ကြည်နူးဖွယ် မျဉ်းကွေးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက်သူက ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီးကျီယိမင်၏နံပါတ်ကို နှိပ်လိုက်၏။
ထိုအခါ ဖုန်းစပီကာမှ အိပ်ငိုက်နေဆဲဖြစ်တဲ့ အသံက ထွက်လာသည်။
"အစ်ကိုကြီး အခုကဘယ်နှနာရီလဲဆိုတာ သိလားဗျ? ငါးနာရီခွဲ ၊ ငါးနာရီခွဲ ပဲရှိသေးတာ။ငါ့ရဲ့ လှပတဲ့ အိပ်စက်ခြင်းတွေ ပျက်သုဉ်းသွားရင် အဲဒါကို မင်းတာဝန်ယူမှာလား။ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ လူတစ်ဦးရဲ့ ဘဝမှာ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် ချမ်းသာကြွယ်ဝမှုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများလိုအပ်ရုံသာမက ချောမောခန့်ညားရန်လည်း လိုအပ်သေးတယ်"