Chapter:47
မောင်းထွက်သွားသော ကားတန်းရှည်ကြီးတွေကို ထုန်လုက စိတ်ပျက်လက်ပျက်ကြည့်ရင်း။
ထင်ထားတဲ့အတိုင်းပဲ မတ်လေးက သူမ နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက်ချတာကို လုံးဝမကန့်ကွက်ခဲ့။
ဘာ့ကြောင့်မှန်းမသိပေမယ့် စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းနည်းနေမိသလို ခံစားရတယ်။
ရှောင်ရှန်းရှည်းလည်း အနည်းငယ် စိတ်ပျက်နေမိ၏။သို့ပေမဲ့ သူ့မာမီရဲ့လည်ပင်းကို လက်နှစ်ဖက်ဖြင့်ဖက်ကာ ခေါင်းလေးငုံ့လို့ နှစ်သိမ့်ပေးရှာသေးသည်။ "မာမီ! မာမီလည်း နည်းနည်းတော့ အားစိုက်ထုတ်ရမယ်သိလား။ မဟုတ်ရင် ဒယ်ဒီရဲ့ နှလုံးသားကို ဘယ်လို အနိုင်ယူမလဲ”
ဒါကို ကြားတော့ ထုန်လုက မျက်မှောင်ကြုတ်ပြီး ကလေးမရဲ့နဖူးကို ခပ်ဖွဖွတောက်လိုက်
တယ်။
“ရှန်းရှန်း၊ နောက်ဆို ဒီလိုစကားမျိုးတွေ ထပ်မပြောနဲ့။ သူက မာမီရဲ့မတ်လေး ၊သမီးရဲ့ဦးလေးငယ်။ တစ်နေ့ကျရင် သူ တခြားမိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်မှာ"ထိုအခါ ရှန်းရှန်းလေးက ဟစ်အော်ပါတော့တယ်။
“မာမီတော်တော်တုံးတာပဲ၊ အခုချိန်မှာ ဒယ်ဒီက ဘယ်သူနဲ့မှ လက်ထပ်သေးတာမှ မဟုတ်တာ။သမီးနဲ့မာမီ အတူတူ ကြိုးစားအားထုတ်ကြရမယ်။ ဒီလောက်ကောင်းတဲ့ဖေဖေတစ်ယောက်ကို လက်လွှတ်စရာလား?~ မာမီပဲ ကြည့် ဒယ်ဒီက ဘယ်လောက်တောင် ချောမောခန့်ညားနေလဲပေါ့။ ကြုံရာကျပန်း b*tch လေးကို ဘယ်လို ခိုးယူ ခွင့်ပြုနိုင်မှာတဲ့လဲ ဟွင်း...!”ထုန်လုမှာ ကလေးရှေ့မှာပင် ရှက်ရွံ့နေမိလေပြီ။
'ဒီကလေးမလေးကို ဒီလိုစကားမျိုးတွေ ပြောတတ်အောင် ဘယ်သူကများ သင်ပေးခဲ့တာပါလိမ့်"ရှင်းရှင်းပြောရလျှင် ရှန်းရှန်းက ပြီးပြည့်စုံတဲ့မိသားစုကို လိုချင်ကြောင်း ထုန်လုနက်နက်ရှိုင်းရှိုင်း ခံစားနေရသည်။ သို့သော်ငြားလည်း တစ်နေ့တွင် သူ့မတ်လေးက အခြားမိန်းကလေးတစ်ယောက်ယောက်နှင့် လက်ထပ်ခဲ့ပါက သူမနဲ့ ရှန်းရှန်းက ထွက်သွားရလိမ့်မည်။ ဒီတော့ ရှန်းရှန်းဟာ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ မိသားစုကို ပိုင်ဆိုင်နိုင်မှာ မဟုတ်။
သူမက သက်ပြင်းချကာ
“ရှန်းရှန်း၊ အခုချိန်ကစပြီး တခြားလူတွေရှေ့မှာ ဒီလိုစကားမျိုးတွေ ထပ်မပြောမိစေနဲ့ ။ မာမီမျက်နှာပျက်သွားရလိမ့်မယ်၊ ရှက်လည်းရှက်စရာကောင်းတယ် ”