Chapter:34
"ခွန်အားတွေမရှိဘူး၊ပင်ပန်းတယ် ဟုတ်လား'
ထုန်လု၏ မျက်လုံးထောင့်သည် တဆက်တည်း တုန်လှုပ်သွားသည်။'ငါနဲ့လုပ်ပြီး အဲ့တာကိုဖြုန်းတီးရာကျတယ်လို့ သူညည်းညူနေတာလား အခု'
သူမက နှလုံးခုန်သံပြင်းပြင်းနဲ့ အတွင်းရေးမှူးယွီကို တိတ်တဆိတ် ကြည့်လိုက်မိသည်။ အတွင်းရေးမှူးယွီက သူမမျက်နှာကို လေးလေးနက်နက်ကြည့်လို့နေကာ ထိုကိစ္စအား သိပုံမရပေ။ ဒါပေမဲ့ထုန်လုကတော့ ဒီနေရာကနေ ထွက်ပြေးချင်နေဆဲ။
"ကျွန်မတစ်ကြိမ်ပဲဖတ်ပြမယ် ရလား"
"သခင်လေးက အရမ်းမှတ်ဉာဏ်ကောင်းတာ တစ်ကြိမ်ဆို လုံလောက်ပါတယ်။"
ထုန်လုက လန်ယဲ့ကျင်းအား အထင်ကြီးစွာဖြင့်အံ့သြသွားရသည်။ သူမ၏ မျက်လုံးများထဲမှ အားကျမှု အလင်းတန်းများ လင်းလက်လာသည်။သူမမှာ အဲဒီလိုရွှေလက်ချောင်းလေးသာရှိနေရင် ဒီနှစ်တွေမှာ ဘယ်လောက်သယ်လာနိုင်ပြီလဲ။
သူမသည် လုံ့လဝီရိယရှိကောင်းရှိနိုင်သော်လည်း သဘာဝအတိုင်း ပါရမီရှင်မဟုတ်ပေ။
အတွေးများဆုံးပြီးနောက် မိန့်ခွန်းစာအုပ်ကို ကောက်ကိုင်လိုက်ပြီး မိန့်ခွန်းစာပိုဒ်တစ်ပိုဒ်ချင်းစီကို အသံကျယ်ကျယ်ဖြင့် ဖြည်းညှင်းစွာ စဖတ်လိုက်သည်။ ဖတ်ရတာ မြန်လွန်းလျှင် စကားလုံးတွေကို မမှတ်မိနိုင်မှာကိုလည်း စိုးရိမ်ရသေးတယ်။
ပြီးသည်နှင် သူမက မျက်လုံးမှိတ်ထားဆဲဖြစ်သော မတ်လေးကို တစ်ချက်ခိုးကြည့်သည်။
'သူတကယ်ပဲ မအိပ်နေဘူးလား'
ထိုအခါ ထုန်လုက ရည်ရွယ်ချက်ရှိရှိဖြင့် တစ်မိနစ်၊ နှစ်မိနစ်ခန့် ခေတ္တရပ်လိုက်သည်။
ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော လက်တင်ကုလားထိုင်က လဲလျောင်းနေသောသူသည် တုံ့ပြန်မှု လုံးဝမရှိတော့ပေ။'ဟုတ်ပါတယ်! သူ အိပ်ပျော်သွားပါပြီ'
သူမကဘာမှ ပြောဘဲ အတွင်းရေးမှူးယွီကို လှည့်ကြည့်လိုက်ရာ အတွင်းရေးမှူးယွီသည် သူမအား လက်ပြကာ ထွက်သွားရန် အချက် ပြလိုက်သည်။