အခန်း ၁၉ထုန်လုသည် သူမ၏ခေါင်းမှ ပေါက်ကွဲသည့်အသံများထွက်ကျလာသည်ကို ခံစားမိသည်။ လှောင်ပြောင်ထေ့ငေါ့သောအကြည့်ကို သူမမြင်လိုက်ရသောအခါ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးချင်လုနီးပါးပင်
“အဲဒါ.. ကျွန်မ အဲ့လိုဆိုလိုချင်တာမဟုတ်ဘူး။ ဒါပေမယ့် လူတွေက ကျွန်မလိုမုဆိုးမတွေအကြောင်း ကိုအတင်းအဖျင်းပြောကြမှာလေ အဲ့လိုမဖြစ်အောင်လို့ "
လန်ယဲ့ကျင်း၏ မပြောင်းလဲသော အမူအရာကြောင့် သူမပင် အလူးအလဲ ဖိနှိပ်ခံရပြီး ခြိမ်းခြောက်မှု အဖြစ် ခြောက်လှန့်နေလေသည် ။
သူကထိုင်နေရာမှ ရုတ်တရက်ထလာပြီး ထုန်လုရှိရာဘက်သို့ ကျက်သရေရှိစွာလျှောက်လှမ်းလာတယ်။
သူမက သတိရှိရှိနဲ့နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း သူက သူမလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။
ထုန်လုသည် သူ၏လက်မှလွတ်မြောက် ရန် အစွမ်းကုန်ကြိုးစားနေခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။ သူမက ခေါင်းရှုပ်ကာ မူးဝေလာရသည်။ အခု သူမလုပ်ချင်တဲ့တခုတည်းသောအရာက ဒီနေရာမှအစွမ်းကုန်ထွက်ပြေးသွားတာပါပဲ
"အစ်ကို ..လန် ကျွန်မကို လွှတ်!"
"ဘာလို့အရမ်းတွေစိတ်ပူနေတာလဲ။ ညစ်ညမ်းတဲ့အရာတွေကို စိတ်ကူးယဉ်နေတာလား။"
ထုန်လု၏ နှလုံးခုန်သံသည် အပြင်ဘက်သို့ ပေါက်ခနဲ ထွက်ကျလာလုနီးပါး လျင်မြန်လာသည်။ "မဟုတ်ဘူး ကျွန်မမတွေးဘူး"
"တကယ်လား?"
လန်ယဲ့ကျင်းခပ်မြူးမြူးရယ်မောကာ ခရက်ဒစ်ကတ်ကို သူမလက်ထဲ ထည့်လိုက်လေ၏။
သူ့အကြည့်တွေက အရမ်းအေးတယ်။“ဒါဆို အရမ်းကောင်းတယ်။ အမှန်တိုင်းပြောရရင် ငါမင်းကို လုံးဝစိတ်မဝင်စားဘူး။ ဒါကြောင့် မင်းစိတ်ပူစရာ မလိုဘူး"
"ခုလက်ရှ်ိမင်းကို ပြုစုစောင့်ရှောက်ပေးနေတာကလည်း ငါ့အကိုကြီးဆုံးသွားတုန်းက မင်းတို့နှစ်ယောက်ကို ငါတာဝန်ယူမယ်လို့ ကတိပေးထားလို့။ ဒါကြောင့်မို့လို့ မင်းတို့နှစ်ယောက် ဒီမှာပဲနေရမယ်။ မင်းရဲ့ဆင်ခြေဆင်လက်တွေကို ငါမကြားချင်းဘူး!”