Chapter:33
ထိုအခါ ထုန်လုသည်ထိတ်လန့်တုန်လှုပ်သွားသောငှက်ငယ်လေးသဖွယ် နောက်သို့ ခြေနှစ်လှမ်းအမြန်ဆုတ်ကာ လှေကားအဝင်ဝက နံရံနောက်ကွယ်၌ ပုန်းနေလိုက်သည်။
'ထူးဆန်းတယ်။ငါလေး သေချာပေါက် အကြောက်လွန်နေပြီ'ဟု သူမကိုယ်တိုင်တွေးလိုက်မိ၏။ သူမဒီမှာရပ်နေတာကို လန်ယဲ့ကျင်းက ဘယ်လိုသိမှာလဲ။
ထိုမှသာ သက်ပြင်းတစ်ချက်ချကာ အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။သူမသည် လူအုပ်ကြီးထဲမှ လန်ယဲ့ကျင်းကို ဆက်လက်ရှာဖွေခဲ့သော်လည်း သူ့ကို မတွေ့နိုင်တော့ပေ။
မနက်က မတ်လေး၏ရင်ခွင်ထဲမှ နိုးလာခဲ့သည့် အကြောင်းကို ပြန်သတိရလာသောအခါ သူမပါးတစ်ပြင်လုံး ပူထူသွားရလေ၏။
'ဘာလုပ်သင့်လဲ? ဒီအကြောင်းတွေကို တခြားသူတွေ သိသွားရင် ငါလေးကို မထီမဲ့မြင်ပြုကြမှာ သေချာတယ်။ ပြီးရင် ငါလေးက မသန့်ရှင်းတဲ့မိန်းမဖြစ်သွားဦးမှာ။'
ထုန်လုက တော်တော်စိတ်ပျက်သွားတယ်။ ယခုတွင် လန်ယဲ့ကျင်းသည် စေ့စပ်ထားပြီဖြစ်ရာ သူမသည်လည်း အတင်းအဖျင်းမှရှောင်ရှားရန် အပြင်ထွက်နေသင့်သည်။
*****
"ထုန်လု နင်မနေ့ညက တစ်ယောက်ယောက်နဲ့ စကားများပြီး နင့်မျက်နှာမှာ ဒဏ်ရာရသွားတယ်ဆို။ ""မဟုတ်တာ ဘယ်ကသာလဲ။ အခုငါ့မျက်နှာမှ ဘာဒဏ်ရာမှမရှိဘူး ကြည့်ပါလား"
ထုန်လုက အသာတကြည်လေးပြုံးပြပြီး ဆက်ပြောလိုက်သည်။“စေတနာ့ဝန်ထမ်းအနေနဲ့ လိုက်နာသင့်တဲ့ ပထမဆုံး စည်းမျဉ်းကတော့ ဧည့်သည်တွေကို ကောင်းကောင်း ဝန်ဆောင်မှုပေးပြီး သူတို့ကို ဦးစားပေးဖို့ပဲ။ ငါတစ်ယောက်ယောက်နဲ့ ရန်ဖြစ်စကားများနေရင် ဘယ်လိုလုပ်မှာလဲ"
"ထင်ပါတယ်နော်။ စကားမစပ်၊ သမ္မတကြီးက ငါတို့ထဲက ထူးချွန်တဲ့ကောလိပ်စေတနာ့ ဝန်ထမ်းကို ရွေးချယ်ပြီး သမ္မတရုံးမှာ စီမံခန့်ခွဲရေးလက်ထောက်အဖြစ် ခန့်အပ်ဖို့ လုပ်နေတယ်တဲ့။ ငါသာနိုင်ငံရဲ့အမြင့်ဆုံးရုံးမှာ အလုပ်လုပ်နိုင်ရင် ဒီဘဝမှာ နောင်တရစရာ ဘာမှမရှိတော့ဘူး”