3+4
ညဘက်တွင် ထုန်လုသည် လက်ဆွဲအိတ်ကို ကိုင်ဆောင်ရင်း စံအိမ်မှထွက်သွားပြီဆေးရုံသို့အပြေးသွားလိုက်ရသည်။
ဒီငွေကို သူမအဖွားရဲ့အသက်ကို ကယ်ဖို့ သုံးရမယ်။ ဒီငွေတွေနဲ့ လဲလှယ်ပြီး သေဆုံးတော့မည့် ခင်ပွန်းသည်ကို တစ်သက်လုံး ဝမ်းနည်းပူဆွေးရင်း တစ်ကိုယ်တည်းနေရတော့မည် ။ဒါကထိုက်တန်ရဲ့လားဆို သူမ မသိပါဘူး ။
မိုးကြိုးပစ်တဲ့အရှိန်နဲ့ လျှပ်တပြတ်အတွင်းကားတစ်စီးက သူမကို ဖြတ်သွားလိုက်သည်။ အဲ့ဒီကားက Rolls Royce Phantom ဖြစ်ပြီး ကားအတွင်းမှ လူတစ်ယောက်သည် ကားကူရှင်ကိုမှီကာ မောက်မာသောပုံစံဖြင့် ငြိမ်သက်စွာ ထိုင်နေတယ် ။သူက ပါမောက္ခရှောက်မှ ကမ်းပေးလာသောထုန်လု၏ ဗီဒီယိုကွန်ဖရင့်တစ်ခု ကိုကြည့်နေ၏
" ကျင်း ငါ ထုန်လုအကြောင်းကိုသေသေချာချာစုံစမ်းပြီးပြီ ။သူမ ကလူတကာအပေါ်ကြင်နာတတ်ပြီး ဖြူစင်တဲ့မိန်းကလေးတစ်ယောက်ပဲ။ သူမ က ရှန်းရှန်းကို သေချာဂရုစိုက်မယ်လို့တော့ငါထင်တယ် ။ ဒါကြောင့် မင်းရဲ့ လက်မှတ်ကို မြန်မြန်ထိုးလိုက် "
ဖြူစင်ပြီး ကြင်နာတတ်တာလား။
ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် လက်ထပ်လိုသော မိန်းကလေးတစ်ဦးသည် သူမကအရူး ဒါမဟုတ် ရွှေတွင်းတူးသမားဖြစ်ရမယ်။ သူမ၏ အကြောင်းပြချက်မှာ ဘယ်လိုပဲရှိပါစေ ။သူမက လုံးဝချစ်စရာမကောင်းဘူးဆိုတာ သေချာတယ် ဒါပေမယ့် သူ့မှာ ရွေးချယ်စရာမရှိဘူး။ သူသည် လက်ထပ်မှတ်ပုံတင်စာချုပ် ကို စိုက်ကြည့်ကာ
"မင်းဘာလို့ အရမ်းလောနေတာလဲ။ ငါ အဲဒါကို သဘောတူထားပြီးသား။ မင်းက ငါစိတ်ပြောင်းမှာကိုစိတ်ပူနေတာလား"
သူက ဖောင်ကို ပေါင်ပေါ်တင်ပြီး "ထုန်လု" နာမည်ဘေးမှာ သူ့လက်မှတ်ကို ထိုးလိုက်တယ်။ "လန်ရီကျင်း" ဟူသော နာမည်ကို ရေးမှတ်ထားသောကြောင့် သူ၏လေဖြတ်မှုတွေက ပိုပြီးတောင် ပြင်းထန်လာသလို။
သူဘေးတစ်ဖက်မှ ပါမောက္ခ ရှောက် က သက်ပြင်းတစ်ချက်ချလိုက်ကာ
"ကျင်း မင်းလက်ထပ်တာကိုငါအပြစ်မတင်ပေမဲ့ ဘာလို့ခွဲစိတ်မှုမလုပ်ကြည့်ရမှာလဲ ။အခုမင်းက ပြင်းထန်တဲ့ အာဏာလွန်ဆွဲပွဲရဲ့ အလယ်မှာရောက်နေပြီ အနာဂတ်မှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ငါတို့တို့လည်းမသိဘူး။ ရှန်းရှန်းကိုအရမ်းကြီးလည်းစိတ်မပူနဲ့ ။ငါ့ဆေးရုံကိုလာပြီးခွဲစိတ်မှုပြုလုပ်လိုက်ပါလား။အောင်မြင်ခဲ့ရင် မင်း မှာ အမြွှာညီအကိုတစ်ယောက်ရှိတယ်ဆိုပြီး ဟန်ဆောင်လိုက်လို့ရတယ်။ မင်းသာအောင်မြင်ရင် အနာဂတ်မှာ သူမနဲ့ရှန်းရှန်းကိုပြန်ခေါ်ပြီး တစ်သက်လုံးသူတို့နဲ့အတူနေလို့ရပြီလေ။"