Ch-7+8

691 60 0
                                    

4.

ကျောက်စိမ်းဆွဲသီးသေးသေးလေးသည် သူမ၏လည်ပင်းထက်တွင် အံ့သြစရာကောင်းလောက်အောင် ကြည့်ကောင်းနေပြီး သူမအတွက် ရည်မှန်းထားသည့်အတိုင်း ဖြစ်နေသည်

ထိုအအချိန်တွင် ခန်းမရှိလူတိုင်း၏ အမူအရာများ အေးခဲသွားကုန်ကာ ထုန်လု ကိုယ်တိုင်တောင် ဖြစ်ပျက်နေတာကို မယုံနိုင်ဖြစ်နေမိသည်။ သူမက ကျောက်စိမ်းဆွဲသီးကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်ရှိဖြစ်ပျက်နေတာတွေ လှည့်စားခြင်းမျှသာဖြစ်မည်ကို ကြောက်နေမိတယ်

ဒါပေမယ့် သူ့လက်ဖဝါးမှတဆင့် ကျောက်စိမ်းဆွဲသီးရဲ့ အေးစက်မှုက သူ့အမေရဲ့ "ချစ်ခြင်းမေတ္တာ" ကို ဆုပ်ကိုင်ထားတယ်ဆိုတာ ပြောပြနေသလို

ရုတ်တရက်လူတိုင်း၏ အာရုံပြန်ကပ်လာပြီး တစ်စုံတစ်ယောက်က လန်ရီကျင်းအား လက်ညိုးထိုးကာ ထိတ်လန့်အံသြသွားသည့်အသံဖြင့်
"ကျောက်စိမ်းဆွဲသီးက ရွှီကျင်းကို ပေးသင့်တာမဟုတ်ဘူးလား"

ရွှီကျင်းသည် လန်ယဲ့ကျင်းအတွက် အကြီးအကဲလန် မှ ကိုယ်တိုင်ရွေးချယ်ခဲ့သော သူ၏အနာဂတ်ဇနီးလောင်းဖြစ်ပြီး သူမသည် လန်မိသားစု၏ ချွေးမဖြစ်လာမည်ဖြစ်သည်။

ထုန်လုသည် လည်း အံ့သြနေလျက် ခေါင်းကိုထောင်လိုက်ပြီး သူနှင့် မျက်လုံးချင်းဆုံသောအခါတွင် သူမ၏ နှလုံးခုန်သံ အပြင်သို့လွှင့်ထွက်သွားသကဲ့သို့တရစပ်ခုန်နေ၏

သူ့အကြည့်တွေက သူမ၏ ခန္ဓာကိုယ်မှတဆင့် အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့်အလား စူးရှပြင်းထန်ကာ အကြည့်ခံရသူတိုင်း ပြာကျလုမတတ်ပင်

လက်ရှိသူတို့နှစ်ယောက်၏အကွာအဝေးဟာ လက်မအနည်းငယ်သာ ခြားနေပြီး တျောက်နဲ့တျောက်ဝင်သက်ထွက်သက်ကိုတောင်ခံစားနေရတယ်
တကယ်ဆို သူက ပရော်ဖက်ဆာရှို ဖြစ်နိုင်မလား။
ချောမောလှတဲ့ မျက်နှာကို စိုက်ကြည့်ရင်း သူမ၏ နှလုံးခုန်သံ မြန်လာသည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် ထုန်လုသည်နှုတ်ခမ်းကိုကိုက်ကာ အနည်းငယ်တုန်ယင်နေသောအသံဖြင့်

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now