Chapter:22
"မမ တကယ်ပဲနင်လား ။နင်ဒီမှာ စေတနာ့ဝန်ထမ်းလုပ်နေတာလို့ ရှီးယန်ပြောတုန်းကတောင်မယုံဘူး"
ထုန်ကျွင်းသည် ပြောရင်း ရှီးယန်၏ရင်ခွင်ထဲမှီကာ သူမမျက်နှာထက်မှရွှင်လန်းဝင်းနေလျက်
"ငါနင့်ကိုပြောပြစရာရှိတယ်။ ရှိယန်နဲ့ငါ ယေလ်းမှာကတည်းက ချိန်းတွေ့နေခဲ့ကြတာ။ အခု ငါတို့တွဲနေပြီ၊ မမ နင်စိတ်မဆိုးဘူးမလား"
ထုန်လုက စာရွက်စာတမ်းကို တင်းကြပ်စွာကိုင်ထားကာ တည်ငြိမ်ချင်ဟန်ဆောင်လိုက်လေ၏။
"မဆိုးပါဘူး...ဆိုးစရာလား"
"နင်စိတ်မဆိုးဘူးဆိုတာ ငါသိပါတယ်။ နောက်ပြီးတော့ နင်ကလက်ထပ်ပြီးသွားပြီလေ။ ရှီးယန် ကြားလိုက်လား ငါ့အစ်မကစိတ်မဆိုးဘူးတဲ့"ထုန်ကျွင်းသည် သူမ၏ ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာရပ်ထား၍ အောင်ပွဲခံသော အမူအရာဖြင့် ခေါင်းကို မြှောက်လိုက်သည်။
ထိုအချိန်မှာ ရှီးယန်က ထုန်လု၏မျက်နှာကို လေး"နက်"စိုက်ကြည့်ရင်း တစ်ခုခုပြောတော့မယ့်ပုံပေါ်ပေမယ့် ရုတ်တရက် ထုန်ကျွင်းက သူ့ကို နှောင့်ယှက်လိုက်ပါတယ်။
"မမ၊ ဓာတ်လှေကားထဲကိုဝင်ရင်လည်း ဝင်သွားလေ။ဓာတ်လှေကားက ပြန်ပိတ်တော့မှာ"
ထို့နောက်ထုန်လုလည်း မတတ်နိုင်စွာ လေးလံသောခြေလှမ်းများဖြင့် ဓာတ်လှေကားထဲသို့ အမြန်ဝင်လိုက်ရာ ထုန်ကျွင်းလည်းသူမနောက်သို့လိုက်ခဲ့သည်။
"ရှီးယန်၊ ငါ့အစ်မနဲ့ သီးသန့် စကားပြောချင်လို့ နင်အဲဒီကို အရင်သွားလို့ရတယ်။"
ဓာတ်လှေကားပိတ်သွားပြီးနောက် ထုန်ကျွင်းသည် သူမ၏ဖော်ရွေချင်ဟန်ဆောင်ထားသောမျက်နှာဖုံးကို ချက်ချင်းစွန့်ပစ်လိုက်ပြီ
မြင့်မြတ်တဲ့ သဘောထားကို မြှင့်တင်လိုက်တယ်-"မမ ငါနင့်ကိုအခုကတည်းကပဲ သတိပေးချင်နေတာ ။ ရှီးယန်က အခု ငါ့ကောင်လေးဖြစ်သွားပြီ။ နင့်ယောကျာ်းသေသွားလို့ အခွင့်အရေးရှိသေးတယ်ဆိုပြီး မထင်လိုက်နဲ့ ရှီးယန်က ဘယ်တော့မှနောက်ကြောင်းပြန်လှည့်မှာမဟုတ်ဘူး။"