Chapter:49
သူ့နှုတ်ခမ်းထက်မှာ အပြုံးတွေ တဖျပ်ဖျပ်ခတ်နေတယ်။ ခါးသီးအေးစက်တဲ့အပြုံးတစ်ခု။ အတွင်းရေးမှူးယွီ ပြောတာ မှန်တယ်။ သူမကိုတရားဝင်ကွာရှင်းပြီး သူမလိုချင်တဲ့ဘဝနောက်ကိုလိုက်စားနိုင်စေဖို့ လက်တွဲဖော်အသစ်ရှာစေသင့်တယ်။
လန်ယဲ့ကျင်က အံကြိတ်လိုက်သည်။အခုချိန်မှာတောင် သူဘာလို့ တခြားသူတွေရဲ့အကြောင်းတွေးနေနိုင်သေးလဲဆိုတာကို သူနားမလည်နိုင်။ သို့သော် တစ်ချို့သောခံစားချက်တွေဖြင့် သူ့ကိုယ်သူ အာရုံမလွှဲနိုင်ပါက ရင်ဆိုင်လာရမည့် နာကျင်မှုအား မခံနိုင်မှာကို ကြောက်ရွံ့နေမိ၏။ လစဉ် ဆယ့်ငါးရက်မြောက်နေ့ရောက်တိုင်းတွင် သူသည် စိတ်ကြွဆေးတစ်ခွက်အား သောက်သုံးလိုက်မိသကဲ့သို့ သူ့ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းတိုင်းဟာ တုန်လှုပ်ချောက်ချားစွာ ဆူပူအုံကြွနေလိမ့်မည်။ တဖြည်းဖြည်းနဲ့ သူ့ခန္ဓာကိုယ် အားနည်းလာပြီး နောက်ဆုံးမှာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည်။
ဒါကြောင့်မို့လို့ သူ့ကိုယ်သူ ပိတ်လှောင်ထားရမည်။လက ပို၍ ဝိုင်းစက်လာတာနဲ့အမျှ လန်ယဲ့ကျင်သည် သူ့ခန္ဓာကိုယ် ကြမ်းပြင်ထဲသ်ို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်၊
သူ့အသိစိတ်တွေ တဖြည်းဖြည်း ပျောက်ဆုံးနေချေပြီ။နာကျင်မှုက သူ့အရိုးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာပဲ ပျံ့နှံ့သွားသည်။သူ့မျက်လုံးရှေ့မှာတင် ကမ္ဘာကြီးက အမှောင်ထု ဖုံးလွှမ်းသွားသကဲ့သို့။ ငွေရောင်လရောင်နှင့် သူ့ရဲ့မျက်ကြည်ဆံနက်နက်တွေဟာ အချင်းချင်း အားဖြည့်ပေးနေသလို ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးပေးသည်။"အား.....!"
လန်ယဲ့ကျင်သည် လက်သီးကို တင်းတင်းဆုပ်ကာ သွားများကို အံကြိတ်ထားလိုက်သည်။ သို့တိုင် သူအော်သံကိုတော့ ထိန်းမထားနိုင်။သို့သော် မာစတာအခန်း၏ နံရံသည် အခြားအခန်းကြီးများနှင့် နှိုင်းယှဉ်ပါက အကောင်းဆုံးသော သံကာများဖြင့် ဆောက်လုပ်ထားသည်။ ဤနေရာတွင် အဏုမြူဗုံး ပေါက်ကွဲလျှင်ပင် အခန်းအပြင်ဘက်မှ မည်သူမျှ ပေါက်ကြားသံကို ကြားနိုင်မည်မဟုတ်ကြောင်းဟု အတွင်းရေးမှူးယွီက ဆိုခဲ့သည်။ ယင်းတွင် သူ့အော်သံကို အနည်းငယ်လုံခြုံစေသည်ဟု ခံစားရ၏။