Chapter :15

510 46 1
                                    

Chapter:15

"မစ္စထုန်  သခင်လေးက မမလေးရှန်း ကို ခေါ်သွားခိုင်းပါတယ်။သူက မစ္စကို အထုပ်အပိုးတွေပြင်ဆင်စေပြီး အိမ်တော်ကြီးမှာရွှေ့ပြောင်းစေချင်ပါတယ်။"

"ဘာ!"?"

ထုန်လုသည်ရင်တွင်းထဲမှ ကျယ်လောင်စွာ ညည်းတွားလိုက်မိသည်။ ဟုတ်ပါတယ် သူမဟာ လန်ယဲ့ကျင်းကို ရင်ဆိုင်ဖို့ သတ္တိမရှိခဲ့ပါဘူး။

သူမသည် အိမ်အကူကို ရိုးသားစွာ စိုက်ကြည့်မိသည်။ ယခုအချိန်တွင် အိမ်အကူသည် ရွေးနုတ်ခြင်းအတွက် သူမ၏ တစ်ခုတည်းသောအခွင့်အရေးဖြစ်နိုင်သည်။

"ရှန်းရှန်ကို ကျွန်မဆီ ဒီကိုပြန်ခေါ်လာပေးနိုင်မလား"

"မစ္စထုန် ကျွန်မလိုနိမ့်ကျတဲ့အစေခံက သခင်လေးကျင်းရဲ့ အိမ်ကြီးထဲကို ၀င်ဖို့ အခွင့်အာဏာ မရှိပါဘူး"

"လန်မိသားစု၏ အိမ်ကြီးသည် မြေဧက ရာဂဏန်းခန့် ကျယ်ဝန်းပြီး ထိုအသိုင်းအဝိုင်းထဲမှ  စံအိမ်ကြီး ဆယ်လုံးကျော် ပါဝင်တည်ဆောက်က်ထားသည်။ စံအိမ်တစ်လုံးစီတွင်  ကိုယ်ပိုင် သီးခြားနေထိုင်မှုတစ်ခုအဖြစ်သတ်မှတ်ကြပြီး အိမ်အကူများကို  ဝင်ရောက်ခွင့်မပြုကြပေ

အိမ်ဖော်တွေတင်မကဘူး

အထူးသဖြင့် လန်ယဲ့ကျင်းစံမြန်းနေသော အိမ်ကြီးသည် လန် မိသားစု၏ အဆင့်အတန်းသငေ်္ကတတစ်ခုဖြစ်ပြီး လန် မိသားစုမှ အမျိုးသားများအားလုံး သွားလိုသည့်နေရာဖြစ်သည်။ ဒါပေမဲ့တော်တော်များများက အဲဒီနေရာကို တစ်သက်လုံး သွားခွင့်တောင် မရကြဘူး။”

အိမ်အကူကထုန်လုကို အကြောင်းစုံရှင်းပြလိုက်ပြီး သူမ မကူညီနိုင်ကြောင်း ပြောခဲ့သည်
ထုန်လု သည်  ခါးသီးသောမျက်နှာအမူအရာဖြင့်သာ  ရပ်နေမိသည်။

" အရမ်းချဲ့ကားနေသလိုပဲ  ဒါကြီးကသမ္မတအိမ်တော်မှာ နေနေရသလိုမျိုးလည်း မဟုတ်ဘူး ဒါပေမယ့် အခုငါတို့နိုင်ငံရဲ့ သမ္မတသစ်က တကယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူပဲ

ရွေးကောက်ပွဲကာလမှာ တိုင်းပြည်ကို ဒီ့ထက်မက အားကောင်းအောင် လုပ်မယ်လို့ သူပြောခဲ့တာကို မင်းလား။ အဲဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်!”

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now