Chapter:43
ထုန်ကျွင်းသည် အလွန်ရုပ်ဆိုးသည့်အမူအရာဖြင့် ထုန်လု၏နောက်ကျောကို စူးဝါးစွာ စိုက်ကြည့်နေလေသည်။ သူမမျက်နှာတွင် ရှုံ့မဲ့နေ၏။
'အခု ထုန်လုက အမျိုးသားရေး သူရဲကောင်း ဖြစ်လာပြီလား?
'သူမက ဘယ်လိုမျိုး ကျော်ကြားတဲ့မိန်းကလေး ဖြစ်လာရတာလဲ'
"မသက်ဆိုင်တဲ့လူနှစ်ယောက်၊ ကျေးဇူးပြုပြီး လူအုပ်ကြီးထဲကို ပြန်ဆုတ်ခွာသွားလိုက်ပါ။ ဒီနေရာက မင်းတို့ ရပ်နေရမဲ့နေရာမဟုတ်ဘူး!" ရဲအရာရှိတစ်ဦးက ထုန်ကျွင်းနှင့် သူမ၏မိခင်အား မာဆတ်ဆတ်ပြောခဲ့သည်။
ထုန်ကျွင်းက အနည်းငယ်ရှက်သွားသည်- "ရှင်ပြောတဲ့ မသက်ဆိုင်တဲ့သူတွေက ဘာကိုဆိုလိုတာလဲ။ အဲဒါ ကျွန်မရဲ့အစ်မ။ ကျွန်မရဲ့အစ်မက ဝန်ကြီးချုပ်ရဲ့ကယ်တင်ရှင်ပဲ ဒီတော့ရှင်တို့လည်း ကျွန်မတို့အပေါ်ကို ယဉ်"ကျေး"စကားပြောရမယ်ဆိုတာကို မသိဘူးလား"
"ဟားဟား " ရဲအရာရှိက တခစ်ခစ်ရယ်သည်။ နောက်အခိုက်အတန့်၌ သူ့မျက်နှာမှ အကြည့်တွေက လေးနက်လာပြီး အသံကလည်း တင်းမာသွား၏။"မင်းတို့ပြန်မဆုတ်သေးဘူးဆိုရင် သမ္မတက ပြည်သူ့တာဝန်တွေကို ထမ်းဆောင်နေချိန်မှာ ပါဝင်နှောင့်ယှက်လို့ဆိုပြီး ကျွန်တော်တို့ဘက်က ဖမ်းဆီးရလိမ့်မယ်။"
ဆေးရုံအဝင်ဝတွင် လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ လူတိုင်းသည် မှားယွင်းသည့်လူအား ဆဲဆိုသွားမိခဲ့ကြောင့် အတော်လေးရှက်နေကြသည့်ပုံ၊ ဇာတ်ကွက်လှည့်ကွက်က မြန်မြန်ဆန်ဆန်ပဲ ပြောင်းသွားသည်ဖြစ်ရာ အချိန်တိုအတွင်း လူတိုင်းက တုံ့ပြန်ခြင်းမပြုနိုင်ကြသေး။
“အို....ဘုရားရေ၊ ငါတို့က မစ္စထုန်ကို အထင်လွဲနေတာလား ၊ ဒီနေ့ခေတ် မီဒီယာတွေက အရမ်းလွန်တယ် ကြုံသလို သတင်းတွေနဲ့ ငါတို့ကို ဘယ်လို လှည့်စားနိုင်ရတာလဲ”
“မီဒီယာတွေရဲ့ လိမ်ညာမှုကို ယုံမိလို့ဆိုပြီး ငါ့ကိုငါ အပြစ်တင်မိပါတယ်။ပြောရရင် ငါလည်းမစ္စထုန်ကို လူချင်းမတွေ့ဖူးသလို သူမနဲ့လည်း မတွေ့ဖူးပါဘူး။ လှည့်စားခံရလည်း ငါ့အတွက် အဓိပ္ပါယ်ရှိပါတယ်လေ။ ဒါပေမယ့် သူ့မိသားစုဝင်တွေက ဘာလို့ သူ့ကို ဒီလို အပုပ်ချရတာလဲ”