အပိုင်း:11+12<3
ရွှီကျင်း အံ့ဩသွားသည် သူ့ဘေးက ညီမလေးကအလျင်အမြန်ပဲ သူမကိုဖက်ကာ နှစ်သိမ့်လိုက်၏
“လူတိုင်းရဲ့ ခန္ဓာကိုယ်ဟာ ကွဲပြားနိုင်ပါတယ်မမဘာလို့ ဆေးနှစ်လုံးထပ်မသောက်ရမှာလဲ"
ထုန်လုသည် ဝိုင်အနည်းငယ်သောက်ခဲ့ပြီး ပွဲရုံခန်းမမှာ အနည်းငယ်ပူနေသည်ဟု သူမခံစားလိုက်ရသည်။ သူမကထိုနေရာမှထကာရေချိုးခန်းသို့ဝင်သွားလိုက်ပြီး မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်သည်
ရေစင်ရှေ့မှရပ်နေရင်း မှန်ထဲက သူမရဲ့ ရောင်ပြန်ဟပ်မှုကို စူးစိုက်ကြည့်နေလိုက်တယ်
သူမကပိုထူးဆန်းသလာသည် ။ပါးပြင်တွေဘာကြောင့်နီရဲနေပြီးအရမ်းပူနေရတာလဲ? သူမပွဲရုံမှဝိုင်တစ်ခွက်ပဲသောက်ခဲ့တာ
"ထုန်လုဘယ်မှာလဲ"
လန်ယဲ့ကျင်းစင်ပေါ်မှဆင်းပြီးနောက် ထုန်လုကို မည်သည့်နေရာမှ မတွေ့ရတော့ပေ။ သူကအနည်းငယ် မျက်ခုံးပင့်လိုက်ပြီး အလိုမကျဖြစ်သွားတယ် သူမဘာလို့ ထွက်ပြေးနေတာလဲ။
အတွင်းရေးမှူးယွီက သူ့မေးခွန်းကြောင့်လှည့်ကြည့်လာကာ
“ထူးဆန်းတယ် သူမဒီမှာမကြာခင်ကရှိနေသေးတယ် ကျွန်တော်သူမကိုသွားရှာရမလား"
“အမ် !!ခဲအို၊မမ ဘာဖြစ်နေတာလဲမသိဘူး မမကို တစ်ချက်လောက် ကြည့်ပေးပါလား”
ရွှီချန်းသည် ရွှီကျင်းကိုတွဲထားပြီး လန်ယဲ့ကျင်း ဆီသို့ လျှောက်သွားကာပြာပြာသလဲအော်လေသည်သည်။ရွှီကျင်း၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာ ပေါ်လာသည်
“မမက အရမ်းပူတယ်ဆိုပြီး သူ့အဝတ်အစားတွေကို မရပ်မနား ဆွဲနေတယ် မမဆေးခတ်ခံရနိုင်မလား တစ်ယောက်ယောက်က မမကို ဘောင်ခတ်ဖို့ ကြိုးစားနေတာထင်တယ်”
လန်ယဲ့ကျင်းက ရွှီကျင်း၏ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည် သူမမျက်နှာထက်မှာပုံမှန်မဟုတ်တဲ့ အပူရှိန်တွေကြောင့်နီရဲနေသည်
သူကသူ့ကိုယ်ရံတော် နှစ်ယောက်ကို ချက်ချင်း ခေါ်ကာ "သူမကို ဆေးရုံပို့လိုက်"