Chapter:29
"မင်း ငိုလို့ပြီးပြီလား" လန်ယဲ့ကျင်းက ကုတင်ဘေးမှာ ရပ်ရင်း မှုန်ကုပ်ကုပ်နဲ့မေးတယ်။"တောင်းပန်ပါတယ်။ ရှင့်ကို နှောင့်ယှက်မိသွားတာလား"
သို့ပေမယ့် ထုန်လုသည် သူမ၏ရှိုက်သံတွေမထွက်အောင် နှုတ်ခမ်းကို တစ်ချိန်လုံးကိုက်ထားပြီး ဘေးနားအိပ်နေသောရှန်းရှန်းပင်လျှင် နှိုးမလာပေ။သူမ ဘေးအခန်းက လန်ယဲ့ကျင်းဆို ပိုလို့တောင်မဖြစ်နိုင်။
သို့တိုင် အရေးကြီးဆုံးမေးခွန်းမှာ
“ဒါက မှန်မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး။”
လန်ယဲ့ကျင်းကမျက်မှောင်ကြုတ်လျက် သူမအား အဖြေမပေးချေ။ သူက နီရဲနေသော မျက်လုံးကို စိုက်ကြည့်ရင်း အေးစက်စက်ပြောလိုက်၏။
"ငိုချင်သေးရင် ငါနဲ့လိုက်ခဲ့!"
"ဘယ်သွားမလို့လဲ"
လန်ယဲ့ကျင်း က မဖြေ။ အဲဒီအစား သူမကို သူ့အိပ်ခန်းထဲသ်ို့ ခေါ်သွားရင်း လသာဆောင်တံခါးကို ဖွင့်လိုက်ရာ ကောင်းကင်မှကြယ်များကို ထင်သာမြင်သာ တွေ့နေရသည်။
တကယ့်ကို လှပတဲ့ မြင်ကွင်းတစ်ခုပင်။
ထို့နောက်သူသည် ဝိုင်နီတစ်ပုလင်းနှင့် ဝိုင်ခွက်နှစ်ခွက်ကို ယူလိုက်၍ ဝိုင်ကိုလောင်းထည့်ပြီး ၎င်းကို ထုန်လုအားကမ်းပေးလိုက်သည်။ ပြီးသည်နှင့် သူကထိုင်ခုံပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း ခြေထောက်များကို ဆန့်တန်းကာ ပြောလိုက်သည်။
"သောက်လေ။မူးရင် အိပ်!""မနက်ဖြန် ကျွန်မ မနက် 5:30 မှာ အပြင်သွားစရာရှိတယ် ။မူးရင် အချိန်ဇယားတွေ"
ဆိုလိုရင်းက သူမ မသောက်ဘူးပေါ့။
ထုန်လုသည် သူမလက်ထဲတွင် ဝိုင်ခွက်အား ကိုင်ထားဆဲဖြစ်ရာ စကားမဆုံးခင်မှာပင် လန်ယဲ့ကျင်း၏အေးစက်ညို့မှိုင်းနေသောအကြည့်များက သူမအပေါ်လွှမ်းခြုံသွားသည်။
သူသည် စကားလုံးတစ်လုံးတည်းသာပါဝင်သည့် စကားလုံးကို သူမအား အမိန့်ပေးခဲ့သော်လည်း သူ့အသံနေအသံထားမှာ ရောင်ဝါအပြည့်ရှိသည်။