Chapter:14

540 46 0
                                    

chapter:14 :ကျောက်စိမ်းဆွဲသီး၏အရင်းအမြစ် ၂

"အခုတော့ သူ့ခယ်မက ရုတ်တရက် ပေါ်လာပြီး ကျောက်စိမ်းဆွဲသီးအတွက်ရွီကျင်း နဲ့ အသေသတ်ပစ်ဖို့ ကြိုးစားနေတယ်။ အဲဒီကျောက်စိမ်းဆွဲသီးက  အကိုကြီးပိုင်ကြောင်းနှင့် ယောကျာ်းဆုံးပါးသွားကတည်းကမတ်လေးကို ရန်ပြုနေခြင်းဖြစ်ကြောင်း သူမသိနိုင်သလော။ ဒါပေမယ့် လေလံမှာပါတဲ့ ပစ္စည်းအားလုံးကို အမည်ဝှက်နဲ့ လှူဒါန်းထားတာကြောင့် ဒါဟာ မဖြစ်သင့်ဘူး...

“အထူးဆန်းဆုံး အဖြစ်အပျက်က အကိုကြီးက ကျောက်စိမ်းဆွဲသီးကို ဝယ်ဖို့ ယွမ်သန်းတစ်ရာနဲ့ သုံးစွဲလိုက်သေးတယ် ကျောက်စိမ်းဆွဲသီးက သူနှင့်လက်ထပ်ရမည့် မိန်းကလေးကိုသာ ချစ်ခင်မြတ်နိုးမှုသငေ်္ကတတစ်ခုသတ်မှတ်ကြသည် ”

လန်ယဲ့ကျင်းလှည့်ကြည့်ရင်း လုံယန်သည် လုံးဝ မဝေခွဲနိုင်တော့ပေ။ သူကသူ့နဖူးကို ရုတ်တရက် ရိုက်ထည့်လိုက်သည်

“အို!!… ငါနားလည်ပြီ။ အစ်ကိုကြီး!!ငါတို့နောက်ကွယ်မှာ လျို့ဝှက်အချစ်ရေးရှိနေတယ်လို့ မပြောနဲ့နော်  အကိုကြီး၊ အိပ်ခန်းထဲက မိန်းကလေ…”

လုံယန် စကားမဆုံးခင်မှာပဲ   လန်ယဲ့ကျင်းကယဲ့မေကို  ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်

“သူ့ကို ဆွဲထုတ်ပြီး ရိုက်!!ပြီးရင် သူ့ကို ပြန်ဆွဲခေါ်သွား!”

ယဲ့မေက သူ့ကို ဇွတ်တရွတ်ဆွဲထုတ်လိုက်တာကြောင့် လုံယန်က အော်ကြီးဟစ်ဖြစ်တော့သည် လုံယန် ဘယ်လောက်တောင် မိုက်မဲနေလဲဆိုတာကိုကြည့်ရင်း  ယဲ့မေကသက်ပြင်းသာချနိုင်တော့သည်

*****

လန်ယဲ့ကျင်းသည် မျက်နှာကျက်ကိုစိုက်ကြည့်ရင်း မျက်လုံးကို မှိတ်ချထားသည်။ ကျောက်စိမ်းဆွဲသီးသည် သူ၏အနာဂတ်ဇနီးသည်နှင့် မဆုံးသေးသည်ကိုပင် ထူးဆန်းစွာတွေ့ခဲ့ရသည်။

သူမသည် ကျောက်စိမ်းဆွဲသီးကို အဘယ်ကြောင့် ဤမျှလောက်လိုချင်နေသည်ကိုမသိပေ  ကျောက်စိမ်းဆွဲသီးက သူမလိုဖြစ်နိုင်ပါ့မလား။

သူ့အနားမှ  အကျပ်အတည်းလေထုကိုခံစားမိရင်း တိတ်တိတ်ဆိတ်ဆိတ်ရပ်နေခဲ့သော လန်ယဲ့ရွန်က တက်ဘလက်ကွန်ပြူတာတစ်လုံးကို သူ့ထံ ပေးအပ်ခဲ့သည်။ လန် မိသားစုရှိ လန်ယဲ့ကျင်း ၏ဝမ်းကွဲညီအကိုများထဲမှ လန်ယဲ့ရွန်သည် သူနှင့် အနီးစပ်ဆုံးဖြစ်သည်။ လန်ယဲ့ကျင်း ၏ဖခင်သည် မိသားစု၏ အကြီးဆုံးသားဖြစ်ပြီး လန်ယဲ့ရွန် ၏ဖခင်မှာ မိသားစု၏ စတုတ္ထမြောက်သားဖြစ်သည်။ လန်ယဲ့ရွန်သည် မြင့်မြတ်သော အသွင်အပြင်နှင့် ပြေပြစ်သော ယောက်ျားသားကောင်းဖြစ်သည်။အထူးသဖြင့်သူသည် အထက်တန်းပြ လူ့အဖွဲ့အစည်းမှ  သိသာထင်ရှားခဲ့သည်။

15ရက်တခါ ၃နှစ်သားအသွင်သို့Where stories live. Discover now